(Unicode.....)
"နိုးပြီလား ကိုယ်တော့်ယောင်း......"
"အာ့......"
သူ၏နဖူးကို နမ်းရင်းဆိုလာသော အရှင် ။ မျက်စောင်းထိုးပြီး တစ်ဖက်သို့လှည့်လိုက်တော့ အောက်ပိုင်းတစ်ခုလုံးကို စူးခနဲနာကျင်လို့သွားခဲ့ရသည်။နောက်တစ်ခါ လုံးဝမျိုးစေ့မချတော့ဘူး ။ အရှင်က လူမဟုတ်ဘူး။
"ကိုယ်တော် ဆေးလိမ်းပေးထားတာကိုတောင် နာသေးလား....."
"နာမနာ သိချင်ရင် ဒီတစ်ခါ ယောင်းလုပ်မယ် ခံမလား....."
"ခံတော့ခံချင်ပါတယ် ဒါပေမယ့် ကိုယ်တော်ယောင်း ငရဲကြီးသွားရင် ဘယ်လိုလုပ်မလဲ ......."
"ငရဲကြီးလည်းအကြီးခံလိုက်မယ် အခု လေးဘက်ကုန်းလိုက်....."
"ကိုယ်တော် ညီလာခံရှိသေးတယ် ။ သွားဖို့ အချိန်တောင်နီးနေပြီထင်ပါရဲ့......."
ကုတင်ပေါ်ကဆင်းပြီး အဝတ်အစား မြန်မြန်ဆန်ဆန်ကို ယူဝတ်နေသော အရှင် ။ သူနာမှာတော့ သိတတ်သား ။တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေသည်မို့ လုံးဝကို မလှုပ်ချင်တော့ ။ကိုယ့်နဖူးကို ကိုယ်ပြန်စမ်းကြည့်တော့ နွေးနေသည်မို့ သေချာပေါက် သူ ဖျားလေပြီ။
"ဟင့် ......."
ဖျားနေပြီဆိုရင် လူက အလိုလို ဝမ်းနည်းပြီး ငိုတတ်တဲ့အကျင့်ရှိသည်မို့ အရှင်မကြားအောင် ကျိတ်ကာငိုလိုက်သည် ။ဒါကိုပင် နားပါးလွန်းသော အရှင်က ကြားဖြစ်အောင်ကြားပြီး သူ့နားသိုရောက်ချလာပြီး စိုရိမ်းတစ်ကြီးမေးလာသည်။
"ယောင်း ဘာဖြစ်လို့လဲ အရမ်းနာနေတာလား......"
ယောင်း နဖူးကိုစမ်းကြည့်တော့ ခပ်နွေးနွေးလေး ဖြစ်နေသည်။ယောင်းဖျားနေပြီပဲ ။
"အပြင်မှာ ဝမ် ရှိလား......"
"ရှိပါတယ် အရှင်မင်းကြီး......"
"သမားတော်ကို သွားခေါ်လာခဲ့......."
"မှန်လှပါ အရှင်မင်းကြီး......"
တစ်အောင့်လောက်နေတော့ သမားတော် ရောက်ရှိလို့သည် ။
"အအေးပတ်တာပါ အရှင်မင်းကြီး ဘာမှတော့ စိုးရိမ်စရာမရှိပါဘူး ။ ကျွန်တော်မျိုး အဖျားပျောက်ဆေး ပေးခဲ့ပါမယ် ......"