(Unicode)
"အဒေါ်ကြီးက ဒီအိမ်တော်ကလား ခင်ဗျ......"
"ဟုတ်ပါတယ် မောင်ရင်က ဘယ်သူလဲမသိဘူး......"
"ဪ ကျွန်တော်က ဒီအိမ်က ကင်နာအွန်းရဲ့ သူငယ်ချင်းပါ ။ သူ့ဆီ လာလည်တာပါ......"
"သခင်မလေး ကင်နာအွန်းက ဒီမှာမနေတာ အတော်ကြာပြီလေ..."
"ခင်ဗျာ ။ ဟို ဘယ်မှာနေလဲကော အဒေါ်ကြီးကြားလား ခင်ဗျ..."
ဗြောအမေးကို အဒေါ်ကြီးသည် တောင်ကြည့်မြောက်ကြည့်ကြည့်ပြီးနောက် ဗြောနားသို့ကပ်ကာ တိုးတိုးလေး ပြောလာသည်။
"မင်း သူငယ်ချင်းမလေးက ရောင်းစားခံလိုက်ရတယ်လေ....."
"ခင်ဗျာ ဘယ်ကိုလဲ....."
"ရွန်နိုင်ငံကိုလေ ........."
"ဟိုလေ ကျွန်တော့်ကိုလေ နာအွန်းပုံစံလေးပြောပြလို့ရမလား။ ဝေးတာကြာပြီဆိုတော့လေ မမှတ်မိတော့ဘူး ။ ပြီးတော့ ကျွန်တော်ရှာလို့လည်း လွယ်ကူတာပေါ့........"
"ရတာပေါ့ ......"
ဗြောလည်း ဈေးထဲမှ ပန်းချီဆရာဆီသို့ ထိုအမျိုးသမီးနှင့်အတူ ထွက်လာခဲ့လိုက်သည်။ပန်းချီဆရာဆီရောက်တော့ ထိုအမျိုးသမီးသည် အစိတ်အပိုင်းတစ်ခုခြင်းဆီကို ပန်းချီဆရာအား အသေးစိတ်ပြောကြားနေချိန် ဗြောသည် ဘေးပတ်ဝန်းကျင် အခြေအနေ အကဲခတ်စစ်ဆေး နေလိုက်သည်။
ဒီရက်ပိုင်း ဂျွန်နိုင်ငံအတွင်း လူဝင်လူထွက်အရမ်းများသည် ။ မသင်္ကာစရာတော့ သိပ်မရှိ။သို့ပေမယ့်လည်း ပေါ့လို့မရ။ အရှင်မင်းကြီး မရှိတော့ သူတို့လိုအထူးတပ်ဖွဲ့ဝင်တွေက ပိုပြီး သတိထားစောင့်ကြည့်ရတော့သည်။
အရှင်မင်းကြီး ဂျွန်နိုင်ငံမှာ မရှိစဉ်အတွင်း ဘာတစ်ခုမှ ချွတ်ချော်သွားလို့မရပေ။မင်းကြီး နန်းတွင်းထဲ မရှိသော အတောအတွင်း နန်းတွင်းတစ်ခုလုံး ကမောက်ကမကို ဖြစ်ကုန်ရော ။နန်းတွင်းထဲ ကမောက်ကမ ဖြစ်တာအရေးမကြီး ။ နိုင်ငံကမောက်ကမ မဖြစ်ဖို့သာ အရေးကြီးသည်။
အရှင်မင်းကြီး မရှိတော့ နိုင်ငံအတွက် စိတ်မအေးသလို ဧကရီအတွက်လည်း စိတ်မအေးပေ။ ဧကရီရဲ့ အခြေအနေဟာ တစ်နေ့တစ်ခြား ပိုပိုဆိုးလာသည်။ မြေအောက်အကျဉ်းထောင်ထဲ ချထားရသည်အထိပင်။