(Unicode)
"
ယောင်း ခမည်းတော်နဲ့မယ်တော်ကို မ
ခွဲနိုင်ဘူးလေ ။ ပြောပေးလေ မခေါ်အောင် နော် နော်......."
သူ၏ခမည်းတော်လက်ကိုချိတ်ကာ အတင်းပူဆာနေသော ယောင်း။ခမည်းတော်ကမှ မလွှတ်ချင်ပါဘူးဆိုကာမှ အတင်းကိုသွားပူဆာနေတာ ။မဖြစ်တော့။သူမ ဝင်ပါမှဖြစ်တော့မည်။
"ယောင်း လိုက်မသွားရင် ခမည်းတော်နဲ့မယ်တော်က အကျဉ်းချခံရမှာနော် ။ယောင်း မမေ့နဲ့ ဒီနိုင်ငံ ကင်နိုင်ငံမဟုတ်တော့ဖူးဆိုတာကို ။ ယောင်းမလိုက်သွားချင်မှတော့ မယ်တော်တို့ အကျဉ်းချခံလိုက်ပါ့မယ် ။ဒါဆို ခုပဲ သွားပြောကြတာပေါ့ လာ....."
သမီးတော်ရဲ့လက်ကိုဆွဲပြီး သွားမယ်ပြင်တော့ ပေရပ်နေသော သမီးတော်လေးကြောင့် မမြင်သာအောင် ပြုံးလိုက်သည်။သူမ သိတာ ပေါ့ ။ယောင်းလေးဟာ သူတို့နှစ်ဦးဒုက္ခရောက်မှာ သေအောင်ကြေက်တယ်ဆိုတာ။
သူတို့လည
်း ယောင်းလေးကို ဘယ်ခွဲချင်ပါ့မလဲ ။သူတို့နားမှာထားရင် ယောင်းဟာ စိုးရိမ်ရသည်။သူတို့လည်း အသက်ကြီးပြီလေ ။ယောင်းလေးကို လုံလုံလောက်လောက် ကာကွယ်မှုမပေးနိုင်။လုံလုံလောက်လောက် ကာကွယ်မှုပေးနိုင်တာဆိုလို့ ဧကရာဇ်သာ ရှိသည်။
"ယောင်းလေးကို ပြောချိန်တန်ပြီ ထင်တယ် မိဖုရား......."
"ဘာပြောချိန်တန်တာလဲ ခမည်းတော် ။ဟင် မယ်တော်...."
ရှေ့ဆက်မည့်ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ကိုယ့်နေရာကိုယ်မှာ ဝင်ထိုင်လိုက်တော့ သူမ၏ဘေးနားသို့ ပူးကပ်စွာထိုင်လာသော သမီးတော်လေး။သမီးတော်၏ လက်ကို ဖွဖွလေးစုပ်ကိုင်လိုက်ပြီး မပြောဖို့ဆုံးဖြတ်ထားသော အကြောင်းကို သူမပြောရတော့မည်။
ဘာပဲဖြစ်ဖြစ် သမီးတော်လည်း အရွယ်ရောက်လာပြီဖြစ်သလို ဧကရာဇ်ကိုလည်း မေတ္တာရှိနေပြီမလား။ထို့အတူ ဧကရာဇ်ကလည်း သမီးတော်လေးအပေါ် မေတ္တာရှိနေသည်လေ။
"သေချာနားထောင် ခု မယ်တော်ပြောမှာကို ........"
"ဟုတ် ......"