(Unicode)
"နိုးပြီလား ......"
"ဟင် ဘယ်ကိုရောက်နေတာလဲ အရှင်ကော......"
နှစ်ရက်ကြာတော့ သူ၏ ချစ်မြတ်နိုးသူလေး နိုးလာပါပြီ ။ာနိုးနိုးခြင်း ပြောလာသည်က ဂျွန်ဘုရင်တဲ့လား ။ ဘာလို့အဲ့ကောင်က အစစအရာရာ သာနေရတာလဲ ။ လက်တီးကို ကျစ်ကျစ်ပါအောင် စုပ်မိလိုက်သည်။ယောင်းကြောက်သွားမည်ဆိုးသည့်အတွက် ဒေါသစိတ်ကို ချုပ်ထိန်းပြီး အပြုံးဖြင့်
"ဆုန်းနိုင်ငံကို ရောက်နေတာ ယောင်း......"
"ယောင်းလို့မခေါ်နဲ့ အဲ့နာမ်စားက အရှင့်အပိုင်......"
ထယ်ယောင်းစိတ်ဆိုးစွာ ပြောလိုက်ပေမယ့် ထိုလူသည် ထယ်ယောင်းကို ပြုံးကြည့်လာသည်။
"ဘာပြုံးတာလဲ......."
"ယောင်း အာမှားလို့ ထယ်က ချစ်ဖို့ကောင်းလို့......."
"ချစ်စရာကောင်းတာ ကိုယ့်ဟာကို သိတယ် ပြောစရာမလိုဘူး..."
"ထယ်က လိပ်ကလေးပဲ......"
ထို့လူ့စကားကြောင့် ထယ်ယောင်းနှာခေါင်းရှုံ့မိသွားသည်။မှန်တာပြောတော့ ကိုယ်က လိပ် ဖြစ်ရတယ်ရှိသေး။
"ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ။ အရှင်ကော ပါလာလား......."
"ဒီကိုဘယ်လိုရောက်လာတာလဲဆိုတော့ ကိုယ် ဖမ်းခေါ်လာတာ ။ ဂျွန်ဘုရင် ပါလားဆိုတော့ မပါဘူး ။ အခုချိန် နန်းတော်မှာ အပျိုတော်တွေနဲ့ ကဲနေရောပေါ့......."
"အရှင်က အဲ့လိုလူစားမျိုး မဟုတ်ဘူး......."
"ထယ်က ဘာလို့အဲ့လိုထင်ရတာလဲ ။ ထယ်က အဲ့ဘုရင်ကောင် အကြောင်းဘယ်လောက်သိလို့လဲ ။ သူချစ်ရတဲ့သူကိုတောင် သူ့မျက်စိရှေ့တင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တဲ့ကောင်ကို ထယ်က ဘာတွေ ယုံကြည်နေရတာလဲ ......"
"မဖြစ်နိုင်တာ ညာနေတာ......."
ထယ်ယောင်း တအံ့တဩ ရေရွတ်မိလိုက်သည် ။
"ကိုယ့်ပုံစံက လိမ်ပြောတဲ့ပုံပေါက်နေလို့လား ထယ် ........."
"မယုံဘူး ......"
"ဒါကို ကိုယ်တင်မကဘူး ဂျွန်ပြည်သူပြည်သားတွေလည်းသိတယ် ။ အိမ်နီးခြင်းနိုင်ငံတွေကအစ အကုန်သိတယ် ။ ထယ်က ဘာလို့ ဒီကိစ္စကို မသိရတာလဲ ။ ထယ်တစ်ယောက်ထဲ မသိတာ အတော်ထူးဆန်းတာပဲ........"