(Unicode)
ဂျွန်နိုင်ငံရဲ့ စစ်သူကြီးဆော့သည် သုံးရက်သာ ခရီးနှင်ပြီးနောက် ရှီလာရဲ့နယ်နိမိတ်သို့ ရောက်ရှိလို့လာသည်။
ခရာသံအဆုံး ရှီလာနိုင်ငံတွင်းသို့ စစ်သူကြီးဆော့နှင့် တပ်သားများ အလုံးလိုက်အရင်းလိုက် ဝင်ရောက်လာကြသည်မို့ ရှီလာနိုင်ငံသည် ပြင်ဆင်ချိန်တောင်မရလိုက်ပေ။
ပိုဆိုးသည်က ရှီလာနိုင်ငံရဲ့ တပ်သားတစ်ဝက်နည်းပါးဟာ ဂျွန်နိုင်ငံတပ်သားများ ဖြစ်လို့နေခြင်းပင်။
ဂျွန်ဘုရင်ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ထားသော စစ်သူကြီးဆော့ဟာဆိုလျှင်ဖြင့် တိုက်ခိုက်ရေးမှာ လွန်စွာထူးချွန်သည်။
ရှီလာနိုင်ငံရဲ့အကောင်းဆုံးစစ်သည်တွေတောင်မှာ စစ်သူကြီးဆော့ရဲ့ ဓားချက်အောင် သွေးမြေခသွားရတာချည်း။
တပ်သားများသည်လည်း အလွန်မုန်းသော ရှီလာနိုင်ငံကို သိမ်းပိုက်ရသောကြောင့် တပ်ကြွစွာ တိုက်ခိုက်ကြသည်။
နာရီအတော်ကြာတိုက်ခိုက်ပြီးနောက် စစ်သူကြီးဆော့သည် ရှီလာနိုင်ငံရဲ့စစ်သူကြီးဦးခေါင်းကို အရယူနိုင်ခဲ့သည်။ရှီလာတပ်သားများသည်လည်း လက်နက်ချအညံ့ခံရတော့သည်။
ထို့နောက် ရှီလာစစ်သူကြီးရဲ့ဦးခေါင်းကို နန်းတွင်းထဲယူဆောင်သွားပြီး ဘုရင်ရှေ့မှောက်ကို ပြစ်ချပေးလိုက်သည်။ဒါဟာ ရှီလာကို သိမ်းလိုက်ပြီဆိုတဲ့ သဘော။
ရှီလာရဲ့နန်းကျဘုရင်သည် ဘာမှမလုပ်နိုင်မှန်းလဲသိရော အားလုံးရှေ့မှာတင် ကိုယ့်ကိုကိုယ်အဆိပ်သောက်ကာ အဆုံးစီရင် သွားခဲ့လေသည်။အင်အားကြီးနိုင်ငံထဲက ရှီလာသည် နောက်ဆုံးတော့ ဂျွန်လက်အောက် ရောက်ရှိသွားလေပြီ။
ရှီလာနိုင်ငံဟာ ဂျွန်နိုင်ငံလက်အောက်ရောက်မှန်းလဲ သိရော ကျန်အင်အားကြီးနိုင်ငံ လေးနိုင်ငံသည် တုန်လှုပ်ခြောက်ချားသွားခဲ့ကြလေသည်။အထူးသဖြင့် ဆုန်းနိုင်ငံပင်။
ဆုန်းဘုရင်ဟာ ဂျွန်နိုင်ငံရဲ့ရန်ဘက်နိုင်ငံများနှင့် မိတ်ဖွဲ့နေစဉ်မှာပင် ရှီလာကို အသိမ်းခံလိုက်ရတာကိုး။ဆုန်းဘုရင်အပါအဝင် ကျန်နိုင်ငံများမှဘုရင်သည်လည်း ထိတ်လန့်လို့နေလေပြီ။ဂျွန်ဘုရင်ရဲ့ နည်းဗျူဟာတွေကိုလည်း မခန့်မှန်းတတ်တော့။