(Unicode)
"ဒီဆံတိုးက တကယ်ပဲ ကိုယ်တော်ပေးခဲ့တာလား......"
"ဟင် အရှင်ဂျွန်ကိုယ်တိုင်ပေးထားတာလေ မမှတ်မိဘူးလား....."
ဆံတိုးက သူ့ပိုင်ဆိုင်မှုဆိုပေမယ့်လို့ သူ အမှန်တကယ်ကို မမှတ်မိပေ။
"ကင်နာအွန်းဆိုတဲ့ ကလေးမလေးကို တကယ်ပဲမေ့လိုက်ပြီပေါ့...."
မျက်နှာငယ်ဖြင့် ဆိုလာသော သူမကြောင့် သူ့ ဦးနှောက်ကို အလုပ်ပေးရတာတော့သည်။ထိုစဉ် မှတ်ညဏ်ထဲပေါ်လာသည်က ငယ်စဉ်ချိန်တုန်းက ကလေးမလေးတစ်ဦးနှင့်အတူ ပြေးလွှားဆော့ကစားနေသော ပုံရိပ်များပင်။
ကြီးလာရင် ကာကွယ်စောင့်ရှောက်ပါမယ်ဆိုသော ဂတိများ။လက်ထပ်ယူပါ့မယ်ဆိုသော ဂတိများက တရေးရေးဖြင့် အနှေးပြကွက်လို ပေါ်ပေါက်လိုလာခဲ့သည်။
ခု သူ့ရှေ့မှာရှိနေသော သူမက သူငယ်စဉ်က သိပ်ကိုချစ်ရတဲ့ ကင်အွန်းနီတဲ့လား။ငယ်စဉ်ကလေးဘဝတုန်းကအတိုင်း သူမဟာလှပနေဆဲ။ ချစ်ဖို့ကောင်းနေဆဲပင်။သူသည်လည်း ရှာမတွေ့တော့ဘူးလို့ ထင်ခဲ့တာလေ။
"ကိုယ်တော် လိုက်ရှာသေးတယ် ဘယ်တွေရောက်နေခဲ့တာလဲ....."
"အဲ့အကြောင်း နာအွန်း မပြောလို့ရမလား အရှင်ဂျွန်....."
"နာအွန်း ပြောလို့အဆင်မပြေရင် မပြောသေးပါနဲ့အုံး ။ ဒါဆို နားတော့ ကိုယ်တော်လည်း ခရီးပန်းလာလို့ နားတော့မယ်......."
"ခုနက မိန်းကလေးက ဘယ်သူလဲ အရှင်ဂျွန်........"
"ကိုယ်တော်လတ်ဆက်မဲ့သူပါ......."
"ဒါဆို နာအွန်းကကော။ကြီးလာကြရင် နာအွန်းကို လတ်ဆတ်ပါ့မယ်လို့ အရှင်ဂျွန်ကိုယ်တိုင် ဂတိပေးခဲ့တာလေ......"
"ဒီအကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့......"
ပြုံးလျက်ပြောပြီး လှည့်ထွက်သွားသော အရှင်ဂျွန်။သူမ မရှိသော အတောအတွင်း အရှင်ဂျွန်ဘေးနားမှာ အလှတရားတွေ ဝိုင်းဝိုင်းကို လည်နေတာပါလား။ဝိုင်းဝိုင်းလည်ဖြစ်နေတာလည်း မထူးဆန်းတော့ ။အရှင်ဂျွန်က ငယ်စဉ်ကနဲ့တစ်ခြားဆီ သိပ်ကို ခန့်ငြားလာသည်ကိုး။