*9*

3.7K 258 35
                                    

(Unicode)

"မင်းကြီး ဂျွန်ဘုရင်ဦးဆောင်တဲ့တပ်မကြီး ကျွန်တော်မျိုးတို့ဆီကို ချီတပ်လာပါပြီ....."

"ဘယ်လို......"

သူတို့ခုမှ တိုက်ပွဲနှင့်ပတ်သတ်ပြီး ညီလာခံကျင်းပနေတာလေ။တကယ့်ကို ဂျွန်ဘုရင်ဟာ ခန့်မှန်းရလွန်စွာခက်သည်။

ကင်ဘုရင်မှာလည်း ညီလာခံကိုချက်ခြင်းသိမ်းပြီး နန်းဆောင်သို့ပြန်ကာ ချပ်ဝတ်တန်ဆာအမြန်ဝတ်ဆင်ရတော့သည်။သမီးတော်နှင့်မိဖုရားကို နှုတ်ဆက်ချင်ပေမယ့် ခုချိန်မှာ နှုတ်ဆက်၍လည်းမရတော့ ။တိုက်ပွဲထဲဝင်ရုံသာ ရှိတော့သည်။

ထိုစဉ် စစ်သူကြီးရောက်ရှိလာပြီး စာချွန်လွှာပေးလာသည်။ဝင်ဖတ်ကြည့်လိုက်တော့

"ပြည်သူတွေအထိမနာစေချင်ရင် နှစ်ဦးသားစီးခြင်း ထိုးမည်။အကျွန်ုပ်နိုင်လျှင် အသင့်နိုင်ငံ အကျွန်ုပ်အပိုင် ။အကျွန်ုပ်ရှုံးနိမ့်ခံလျှင် ကျွန်ုပ်၏နိုင်ငံသည် အသင့်အပိုင်ပင်။...."

ဘာစကားအပိုအလိုမှမပါ ရိုးရှင်းပြတ်သားသည်။ဂျွန်ဘုရင်သည်လည်း ပြည်သူအထိနာမှာကိုမလိုလား သူသည်လည်း ပြည်သူတွေအထိနာမှာကိုမလိုလားပေ။ထို့ကြောင့် စီးခြင်းထိုးဖို့ သဘောတူလိုက်သည်။ဂျွန်ဘုရင်ရှိရာသို့ သူသည်လည်း တပ်မကြီးနှင့်တစ်ကွ ထွက်ခွာရန် အသင့်ဖြစ်လို့နေပြီ။

"ခမည်းတော်......"

ထယ်ယောင်းမှာ သတင်းကြားကြားခြင်း ခမည်းတော်ဆီသို့ အပြေးလာခဲ့ပေမယ့် ခမည်းတော်သို့က စတင်တောင်ထွက်ခွာနေပြီ။မှီရုံလေးမို့ တော်သေးသည် ပြောရမည်။

"ယောင်းလည်းလိုက်မယ်......."

ခမည်းတော်က ထယ်ယောင်း၏စကားကို လုံးဝအဖက်မလုပ်။မြင်းကိုဒုန်းဆိုင်းမောင်းကာ စစ်သူကြီးအပါအဝင် သူ၏တပ်သားများနှင့် ထွက်ခွာသွားလေပြီ။

"ကိုယ်ရံတော်ဗီး ဒါဘာလုပ်တာလဲ......."

သူလိုက်မယ်ပြင်တော့ ရှေ့တည့်တည့်မှ ပိတ်ရပ်လာသော ကိုယ်ရံတော်ဗီး။

"မင်းသမီးလိုက်ဖို့ မသင့်တော်ကြောင်းပါ....."

"အခုချိန်မှာ လိုက်ဖို့သင့်တော်တာတွေ မသင့်တော်တာတွေ ရှိသေးလို့လား ။ငါ့ခမည်းတော်ကို ဆုံးရှုံးရမယ့်အနေအထားဖြစ်နေတာလေ ရှေ့ကဖယ်......."

Emperor's empress.Where stories live. Discover now