(Unicode)
"ယောင်း ပျင်းနေပြီလား....."
"အရှင်......."
ထယ်ယောင်း ထိုင်နေရာကနေ ထပြီး အရှင့်ကို အရိုအသေပြုလိုက်သည်။
"ကိုယ်တော်တို့ကြား ဒါတွေလိုလို့လား ယောင်း......"
"မလိုပေမယ့် အများအမြင်မှာကျ မသင့်တော်ဘူးလေ အရှင်...."
"ဘာကြောင့်များ အများအမြင်ကို ဂရုစိုက်နေရတာလဲ ကိုယ်တော့် ယောင်း......"
"အရှင်က ဘုန်းကျက်သရေကြီးမားတဲ့ မင်းတစ်ပါးလေ...."
"ကိုယ်တော်က ယောင်းနဲ့ပတ်သတ်ရင်တော့ သာမန်လူတစ်ဦးပါပဲ....."
"အရှင့်ကို ယောင်းတစ်ခုလောက် မေးလို့ရမလား....."
"မေးလေ ယောင်းမေးချင်တာမှန်သမျှ ခွင့်မတောင်းပဲ စိတ်ကြိုက်မေးလို့ရတယ်......."
"ဧကရီနေရာအတွက် ယောင်းနဲ့ နာအွန်းက ယှဉ်ပြိုင်ရမယ်ဆိုတာ တစ်ကယ်လားဟင်အရှင်......"
ယောင်း မေးခွန်းကြောင့် သက်ပျင်းအသာ ချမိလိုက်သည်။ယောင်းလက်ကလေးကို စုပ်ကိုင်လိုက်ပြီး
"ကိုယ်တော်တို့ လမ်းလျှောက်ရင်း အဲ့ကိစ္စပြောကြတာပေါ့....."
ထယ်ယောင်းလည်း အရှင့်အပြောကို ခေါင်းငြိမ့်ပြလိုက်သည်။နှစ်ယောက်အတူတူ လက်ခြင်းတွဲရင်း ဥယျာဉ်တော်သို့ ထွက်ခဲ့ကြသည်။
"ပုံမှန်ဆို ဧကရီနေရာကို ကိုယ်ချစ်တဲ့သူကိုသာ ထားခွင့်ရှိတာလေ ။ ဒါပေမယ့် နာအွန်းမှာက ကိုယ်တော်တို့မျိုးရိုးစဉ်ဆက် ချစ်ခြင်းကို သက်သေပြတဲ့ ကျောက်စိမ်းဆံတိုးရှိနေတယ် ။ ချစ်ရသူနဲ့ကျောက်စိမ်းဆံတိုးနဲ့က ထပ်တူကျမနေဘူး ....."
"အဲ့ဒါကြောင့် ယောင်းတို့က ဧကရီနေရာအတွက် ယှဉ်ပြိုင်ရမှာလား......"
"ဟုတ်တယ် ယောင်း......."
"ယောင်းအမြင်အရ အဲ့ဒါကြီးက အဓိပ္ပာယ်မရှိဘူး။ရှင်ဘုရင်ပဲလေ ဆံတိုးရှိမရှိ ကိုယ်ချစ်တဲ့သူကို တင်မြှောက်ချင်ရင် တင်မြှောက်ခွင့်ရှိတာပဲလေ......"
"ယောင်းပြောတာလည်း မမှားပါဘူး ။ဒါပေမယ့် မျိုးရိုးစဉ်ဆက် သတ်မှတ်ထားတဲ့ ပြဌာန်းချက်ကိုတော့ ဘုရင်ဖြစ်ပါစေအုံးတော့ ငြင်းခွင့်မှမရှိဘဲ ယောင်းရဲ့......"