(Unicode)
"ဒါနဲ့ ကင်မင်းသမီးရဲ့ ပ
န်းချီကိုဆွဲတဲ့ ပန်းချီဆရာ ဘာဖြစ်သွားပြီလဲ။ကင်ဘုရင်က သေမိန့်ပေးလိုက်ပြီလား......."
ဝမ်သည် လူကြီးနှစ်ယောက်အပြောကြောင့် ထွက်သွားမယ်ပြင်နေသော ခြေလှမ်းတို့ကို ရပ်တန့်လိုက်ပြီး သေရည်ကောစွတ်ပြုတ်ကော ရတဲ့ဆိုင်မှာ ဆက်ထိုင်နေလိုက်သည်။
"ကင်ဘုရင် ဖမ်းလို့မမိသေးဘူး ။ ငါသတင်းတစ်ခုကြားထားတယ်......"
"ဘာသတင်းလဲ......"
ပြောမည့်သူသည် ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်ဖြင့် ကကည့်ပြီးနောက် စိတ်ချပြီဆိုကာမှ တစ်ဖက်သူ့အဖော်ကို အနားကိုတိုးခဲ့ဖို့ လက်ဟန်ဖြင့် ခေါ်လိုက်သည်။ တစ်ဖက်အဖော်သည်လည်း နှစ်ကိုယ်ကြား ကြားနိုင့်မည့် အကွာအဝေးသို့ တိုးကပ်လာခဲ့သည်။
"ဆုန်းနိုင်ငံဘုရင်က ဖမ်းသွားတယ်......"
နားလွန်စွာပါးသော ဝမ်သည် ထိုသို့လည်းကြားပြီးရော မျက်ဝန်းတို့က အစမတန်ပြူးကျယ်သွားခဲ့သည်။ဆုန်းနိုင်ငံဘုရင်တဲ့လား။ဒါဆို ကင်နိုင်ငံကို သိမ်းမယ့်ထဲ ဆုန်းနိုင်ငံလည်း ပါတယ်ပေါ့။ပြောလာမည့်စကားတို့ကို ဝမ်သည် ပိုအာရုံစိုက်လိုက်သည်။ကင်နိုင်ငံဟာ ရန်သူပတ်ချာလည် ဝိုင်းနေပြီပဲ။
"ဒါနဲ့ ကင်မင်းသမီးပုံ မြင်လိုက်ရလား....."
"မမြင်လိုက်ရလို့ ရင်ထုမနာဖြစ်နေတာပေါ့ဗျ ......"
"တစ်စွန်းတစ်စလေးတောင် မမြင်လိုက်ရဘူးလား....."
"မမြင်လိုက်ရဘူး ။ကင်မင်းသမီးလှကြောင်းကို ဆုန်းဘုရင်က အရင်တွေ့တာလေ။ပုံတူပန်းချီတွေအကုန်သိမ်းပြီး လူပါဖမ်းသွားတာ....."
"ကင်မင်းသမီးကိုတွေ့နိုင်မယ့်နည်းလမ်းမရှိဘူးလား...."
"မင်းတွေ့ချင်ရင် သေလမ်းသွားမှာပဲရမယ်။နန်းတွင်းကို အစောင့်နှစ်ထပ်ချထားတယ်။စစ်သူကြီးကိုယ်တိုင် မင်းသမီးလေးကို စောင့်ရှောက်နေတယ်......."
"ငါတို့လို သာမန်လူသားတွေက တော်ဝင်မင်းသမီးကို ဘယ်လိုလုပ်တွေ့မြင်ခွင့်ရှိပါ့မလား........"