(Unicode......)
အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးလာလိုက်တာ ခုဆိုထယ်ကွန်း လေးမှာ ဆယ်နှစ်ရှိပြီး ထယ်ဂုလေးမှာတော့ သုံးနှစ်ထဲရောက်လို့လာလေပြီ ။
"အား ......"
"ဂျွန်ထယ်ဂု ကိုကို့ကို ဘာလို့ကိုက်လိုက်တာလဲ....."
အသံကြားဘို့ လှည့်ကြည့်လိုက်တော့ ထယ်ကွန်းလေးပါးမှာ ကိုက်ရာကြီးက အကွင်းလိုက်။
"ဂုဂုလေးက တိုတိုကို တူယားလို့ကိုက်ကိုက်......"
ထယ်ကွန်းလေးရဲ့ ပါးဖောင်းဖောင်းလေးကို လက်ညိုးလေးထိုးပြီး အူယားလို့ကိုက်ကြောင်းပြောလာသော ထယ်ဂု။ထယ်ကွန်း လေးကတော့ ထယ်ဂုဘာလုပ်လုပ် အပြုံးမပျက် ငြိမ်ခံမြဲ ။
"အူယားရင် ကိုက်ရမယ်လို့ ဘယ်သူသင်ထားပေးတာလည်း ထယ်ဂု......"
ဒီတစ်ကြိမ် ထယ်ဂုလေးရဲ့ လက်ညိုးက မောင့်ထံသို့ ။
"ဟေ.....ကိုယ်တော့်ယောင်း ကိုယ်တော် မသင်ထားဘူးနော်...."
"ထမည်းတော်က မယ်တော့်ကို တူယား ဘွားဆိုပြီး တိုတို့ ကို ဂုဂု လေး လုပ်သလိုမျိုး လုပ်တယ်လေ......."
"အဲ့ဒါကြောင့် ကလေးရှေ့မှာ ဆင်ခြင်ပါလို့ ပြောတာ ။ ခု ကြည့် ကလေးကနောက်က လိုက်လုပ်ကုန်ပြီ......."
"အား ကိုယ်တော့်ယောင်းရေ ကိုယ်တော်နာတယ်လို့......"
"နာအောင်ဆွဲတာလေ နာမှာပေါ့ ......"
နားရွက်ကို အားပါပါဖြင့် ထယ်ယောင်း လိမ်ဆွဲလိုက်သည် ။ ကလေးရှေ့လည်းမရှောင် သူလုပ်ချင်ရာလုပ်သော မောင် ။ သားလေးက သူရှေ့ကလုပ်တာမှန်သမျှ ထယ်ကွန်းလေးအပေါ်လိုက်လုပ် ။
ရှေ့ရက်တုန်းလည်း ရှိသေးတယ်လ။ ဥယျာဉ်ထဲ မှာကလေးတွေ မရှိတုန်း အနမ်းခြွေရအောင် ဆိုပြီး နမ်းလာတာ ။ လက်ကအငြိမ်မနေဘဲ နမ်းနေရင်း တင်ပါးကို စုပ်နယ်လာတာ ။ ထယ်ဂုလေးက ထိုအဖြစ်ကို မြင်သွားပြီး ထယ်ကွန်းကို နမ်းတော့မနမ်းပါ ။ ဒါပေမယ့် ထယ်ကွန်းနောက်ကနေပြီး တင်ပါးကို လိုက်လိုက်ကိုင်သည်မို့ သူ့မှာ အဲ့လိုလုပ်လို့မသင့်တော်ကြောင်း မနည်းပြောပြထားရတာ ။