Unicode.......
"ကလေးသူငယ်မှန်သမျှ ပညာသင်ကြားခွင့်မရှိသူမဖြစ်စေရ။ပညာသင်ကြားခွင့်မရသော ကလေးရှိပါက နီးစပ်ရာဖြစ်သော မိဘဆွေမျိုးမောင်နှမ များသည် ရွှေစတစ်
ထောင်နှင့်ကြိမ်ဒဏ်အချက်ငါးရာ သင့်စေမည်..
..."
ထိုဥပဒေထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်ထဲ နေရာအနှံ့အပြားမှာ သင်ကြားရေးအဆောင်များတစ်ရှိန်ထိုး ဆောက်လုပ်ကြလေတော့သည်။သတ်မှတ်ရက်အတွင်း ပြီးရန်အတွက်လည်း ပြည်သူပြည်သားများက ဝိုင်းဝန်းကူညီကြသည်။
အောက်ခြေလူတန်းစားများအတွက် ဒီဥပဒေဟာ အကောင်းဆုံးသော ဥပဒေဖြစ်ခဲ့ပေမယ့်လို့ အထက်တန်းလူတန်းစားများအတွက် ဒီဥပဒေဟာ အဆိုးရွားဆုံးဖြစ်ခဲ့သည်။အကြောင်းကား ဒီဥပဒေဟာ မျိုးရိုးမြင့်များကို မျိုးရိုးနိမ့်များဖြင့် တန်းတူဆက်ဆံလိုက်သည့် သဘောသက်ရောက်နေသောကြောင့်ပင်။
အင်ပါယာတစ်ခုလုံးရဲ့အရှင်ကို တွန်းလှန်ဖို့ဆိုတာ အတွေးနဲ့တောင် မဖြစ်နိုင်သော အရာတစ်ခုဆိုတော့ မည်သူမျှ မကျေနပ်ကြောင်း မဖွင့်ပြောရဲ မထုတ်ပြရဲကြပေ။အထူးသဖြင့် အရာရာတွင်လိမ္မာပါးနပ်ဖြက်လတ်ပြီး အဘက်ဘက်တွင် လွန်စွာတော်သော သားတော်ဂျွန်ထယ်ဂုရှိတော့ ပိုဆိုးရောပေါ့။
အရှင်ဂျွန်ဂျောင်ဂုသည် အမည်ခံသာရှိပြီး အင်ပါယာနှင့်ပတ်သတ်သော ကိစ္စအဝဝကိုတော့ သားတော်ဂျွန်ထယ်ဂုသာ စီမံလေသည်။ခုလည်း ပြည်သူတွေအရေးကို သားတော်ကိုပုံအပ်ပြီး သူ၏ချစ်လှစွာသော ခင်ပွန်းဖြစ်သူ ကင်ထယ်ယောင်းဆီသို့ ချစ်စကားများ တီတီတာတာပြောရန် ထွက်လာခဲ့လိုက်သည်။ခင်ပွန်းဆီရောက်တော့ သားတော်ထယ်ကွန်းအပြင် သမီးတော်ပါ ရောက်ရှိနေသည်မို့ စိတ်ပျက်သွားခဲ့ရသည်။ ဒီနေ့အတွက် ယောင်းကို အနမ်းများဝေဆာရဖို့ လမ်းမမြင်ရတော့ပေ။
"အရှုပ်နှစ်ယောက် မယ်တော်နားလာပြီး ဘာတွေ ပူဆာနေကြတာလဲ......."
"ချစ်လို့အနားကပ်တာ ပူဆာဖို့အနားကပ်တာ မဟုတ်ပါဘူးနော် ...."