(Unicode..)
"ထယ်....."
"ထွက်သွား ......"
သူ၏ နန်းဆောင်ထဲကို ကို အဝင်မခံသောထယ် ။ ဝင်လာပြီဆိုတာနဲ့ တံခါးပေါက်ရှိရာကို လက်ငြိုးထိုးပြီး ထွက်သွားခိုင်းတော့တာပင်။သူ့အဖြစ်မှာလဲ ကိုယ့်နန်းဆောင်ဝင်ဖို့အရေး လန့်နေရတာ ။ ကြမ်းရမ်းလိုက်ချင်ပေမယ့်လည်း ထယ် မုန်းသွားမှာစိုးလို့ မကြမ်းရဲ။
"ကိုယ်တော်က ဘယ်မှာ အိပ်စက်ရမှာလဲ ထယ်......"
"ဒါဆို ကျွန်တော်ထွက်မယ် ......"
"မရပါဘူး....."
လက်ဆန့်တန်းကာ တားလိုက်တော့ သူ့ကို ဆူပုတ်ပုတ် ကြည့်လာသော ထယ် ။ ဒီလူသားလေးသာ သူ့အပိုင်ဖြစ်ရင် ဘယ်လောက်တောင်များ ကောင်းလိုက်လေမလဲ ။ဒီလူသားတာ သူ့အပိုင်ဆို အရာအားလုံးစွန့်ရလဲ ဖြစ်တယ်။ဘာကိုမှ မမက်မော ။ဒီလူသားလေးကိုသာ မက်မောပါသည်။
"မရရင် ခင်ဗျားထွက်....."
"ကိုယ်လည်းမထွက်သလို ထယ်လည်း မထွက်ရဘူး........"
"ကျွန်တော်က ဂျွန်ဂျောင်ဂုကိုပဲ ချစ်တာ......"
"အဲ့ကောင်နာမည် ထပ်ပြီးထွက်လာရင် ခုချက်ခြင်း လင်မယားအရာမြောက်ပြစ်မယ် ထယ်....."
ခပ်မာမာဆိုလိုက်တော့ အခန်းထောင့်တွင် ကျုံ့ကျုံ့လေးသွားထိုင်သော ထယ် ။သူသည်လည်း သက်ပြင်းအသာ ချရင်း ထယ့်အတိုင်း ကြမ်းပြင်ပေါ်သာ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည် ။ ထို့နောက် အိတ်ကပ်ထဲတွင် အမြဲသိမ်းထားသော ကျောက်စိမ်းသော့တွဲလေးကို ထုတ်လိုက်သည်။
"ထယ် ဒါလေးကို ကြည့်ပါအုံး......"
ထယ်ယောင်း ထိုလူပြတာကို ကြည့်လိုက်တော့ သော့ချိတ်လေးတစ်ခု ။ သေချာစူးစိုက်ကာ ကြည့်လိုက်တော့ ဒါက ထယ်ယောင်းအရမ်း သဘောကျရတဲ့ သော့ချိတ်လေးလေ။
"ဒါလေးက ကျွန်တော့်ဟာ ......"
ထယ်ယောင်းသည် ထိုလူ့နားသွားပြီး ထိုလူ့လက်ထဲက သော့ချိတ်ကို ယူလိုက်သည် ။ ဟုတ်တယ် ဒါက ထယ်ယောင်းရဲ့ ကျောက်စိမ်းသော့ချိတ်မှာ သော့ချိတ်အစစ်။
![](https://img.wattpad.com/cover/358440652-288-k859086.jpg)