(Unicode)
ဒီနေ့ဟာ ဧကရာဇ်နဲ့ဧကရီရဲ့ ထိမ်းမြားသောနေ့
"ကိုယ်တော့်ယောင်းက လှလိုက်တာ........"
သူ့ကိုကြည့်ကာ ပြောလာသော အရှင့်ကြောင့် ထယ်ယောင်းမှာ ရှက်ပြုံးလေး ပြုံးလိုက်မိသည်။
"အရှင်က ယောင်းအဆောင်ကို ဘာလာလုပ်တာလဲ......"
"ယောင်းကို လွမ်းလို့လေ ......"
"အပိုတွေ ။ ခနနေပဲ ထိမ်းမြားတော့မှာကို ......"
"အပိုတွေ မဆိုပါဘူးနော် ။ ကိုယ်တော့်ယောင်းကို တစ်စက္ကန့်လေး ဝေးရရင်ကို သေမတတ်လွမ်းနေတာ ......"
အရှင့်စကားကြောင့် ထယ်ယောင်း နှာခေါင်းရှုံ့မိလိုက်သည်။
"ယုံချင်စရာကို မရှိဘူး......"
"မယုံရင် ညကြ ဘယ်လောက်ထိ ချစ်လဲ သက်သေပြမယ်လေ......"
ညစ်ကျယ်ကျယ်ပြောလာသော အရှင်။
"အရှင် နှာဘူး ထွက်သွားချည်......"
ထယ်ယောင်း တံခါးဝဘက်လည်ညိုးထိုးကာ အရှင့်ကို ထွက်သွားခဲ့လိုက်သည် ။ ရှက်လွန်းလို့ အငွေ့အဖြစ်သာ ပျောက်သွားလိုက်ချင်သည်။
"လာရင်းကိစ္စတောင် မေ့တော့မလို့......"
ပြောပြီး ရှေ့တိုးလာသည်မို့ ထယ်ယောင်းမှာ နောက်သို့ ဆုတ်ရတော့သည်။
"ဘာလို့နောက်ဆုတ်သွားတာလဲ ကိုယ်တော့်ယောင်း......"
"အ အရှင်ကကော ဘာလို့ရှေ့တိုးလာတာလဲ......"
"လာရင်းကိစ္စမမေ့အောင် ရှေ့တိုးလာတာလေ......"
"ယောင်းကလည်း အဲ့လာရင်းကိစ္စ မေ့သွားအောင် နောက်ဆုတ်တာ......."
ယောင်း အပြောကြောင့် သူ့မှာ သဘောတကျကို ရယ်လိုက်မိသည် ။ ဘယ်လောက်ထရှက်နေလဲဆို ယောင်းမျက်နှာလေးသည် စတော်ဘယ်ရီသီးလေးလိုကို နီမြန်းနေသည်။
စတော်ဘယ်ရီလူသားကို တစ်ခါတည်းသာ ကိုက်စားလိုက်ရရင်တော့ ထိမ်းမြားပွဲတောင်မကျင်းပလိုက်ရဘဲ ဖြစ်တော့မည် ။ စိတ်ထိန်း စထိတ်ထိန်း။
ထို့ကြောင့် နောက်ကနေပြီး ဖွက်လာသော ပတ္တမြားသရဖူကို ယောင်းရဲ့ဦးခေါင်းထက်ဆောင်းပေးလိုက်သည် ။ ပတ္တမြားနားဆွဲရှည်ကိုလည်း ယောင်းနားထက် ပန်ဆင်ပေးလိုက်သည် ။ ပတ္တမြားဘယက်ကိုလည်း သွယ်လျသော ယောင်းလည်တိုင်ထက် ဆွဲပေးလိုက်သည် ။ ထို့အတူ ပတ္တမြားဖြင့်သာ ပြုလုပ်ထားသော လက်ကောက်ကို ယောင်းလက်နှစ်ဖက်လုံး စွပ်ပေးလိုင်သည် ။