(Unicode)
နှလုံးသားနဲ့ရင်းပြီး ထုဆစ်ပုံဖော်ထားသော လက်စွပ်သည် နောက်ဆုံးတော့ ပြီးဆီးသွားလေပြီ။
ပြီးစီးမှုသည်လည်း လပြည့်ရက်နှင့် တစ်ရက်တည်းပင်။
ဂျွန်ဘုရင်သည် အရိုးရှင်းဆုံး ပတ္တမြားလက်စွပ်လေးကိုသာ ပြုလုပ်ခဲ့သည်။
Leaf engagement ruby ring ပင် ဖြစ်သည်။
နတ်ဆရာမသည် ထိုလက်စွပ်ကို အရှင်မင်းကြီးထံမှ ယူပြီး ခွက်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် မန္တန်ဓားကို အရှင်မင်းကြီးထံသို့ ဆက်သလိုက်သည်။
ဂျွန်ဘုရင်သည် မန္တန်ဓားထိပ်ချွန်ပိုင်းဖြင့် သူ၏နှလုံးရှိရာတည့်တည့်သို့ ထိုးချလိုက်သည်။
နတ်ဆရာမသည် ကျဆင်းလာသော သွေးကို ခွက်ဖြင့် လိုအပ်သလောက်ခံယူလိုက်သည်။
ထို့နောက် နှလုံးအိမ်ထဲက ဓားကို ဆွဲထုတ်လိုက်တော့ ဂျွန်ဘုရင်ဟာ နဂိုမူလပကတိအတိုင်း ပြန်ဖြစ်သွားသည်။ ဝေဒနာ အနည်းငယ်မျှတောင် မခံစားလိုက်ရ။
ပြည့်ဝလျက်ရှိသော လမင်းကြီး၏အလင်းရောင်အောက်တည့်တည့်တွင် ထိုခွက်ကို ချလိုက်ပြီး ဂါထာမန္တန်များ စတင်ရေရွတ်တော့သည်။
တစ်နာရီခန့်ရေရွတ်ပြီးနောက် ခွက်ကိုယူကြည့်လိုက်တော့ ခွက်ထဲတွင် လက်စွပ်ရှိမနေ။
ဧကရီလက်ထဲသို့ လက်စွပ်ရောက်သွားချေပြီ။
အစီအရင်သည်လည်း အောင်မြင်လို့ သွားလေပြီ။
အရှင်မင်းကြီးကို လှမ်းကြည့်လိုက်တော့ သူမ၏အကြည့်ကို သိသည့်အလား ခပ်ပြုံးပြုံးလေး ခေါင်းငြိမ့်ပြလာပြီးနောက် လှည့်ထွက်သွားသည်။
သူမလည်းသိမ်းစရာ သိမ်းပြီးနောက် နတ်နန်းသို့ ပြန်လာခဲ့လိုက်သည်။
ထယ်ယောင်း ထိန်ထိန်သာနေသော လမင်းကြီးကို ငေးကြည့်နေသည်။
လပြည့်နေ့မို့လို့ ထင်ပါ လမင်းကြီးဟာ နဂိုထက်ဝိုင်းစက်တောက်ပလျက်။
အရင်ရှေ့ရက်တွေလည်း ကြည့်ဖြစ်ပေမယ့် ဒီနေ့မှထူးခြားစွာ လရောင်အောက်တည့်တည့်တွေ ကြည့်ချင်နေသည်။ထို့ကြောင့် ဥယျာဉ်ထဲသို့ လာပြီး ငေးမောကြည့်နေခြင်းပင်။