(Unicode)
(ဒီfictionထဲတွင် ပါဝင်သော အကြောင်းအရာများအားလံုးသည် စာရေးသူ၏ စိတ်ကူးယဉ်သတ်သတ်မျှတာ ဖြစ်ပါသည်။ပြင်ပလောကနှင့် တစ်ခုမှသက်ဆိုင်လိုခြင်းမရှိပါ။)
"ကြားပြီးကြပြီလား......"
"ဘာသတင်းမို့ ရေးကြီးသုတ်ပြာဖြစ်နေရတာလဲ......."
"ဧ ဧကရီကလေ အောက်လမ်းအတတ်ပညာ တတ်မြောက်ထားတယ်တဲ့......"
"ဘာ မဟုတ်တာ ။ရှင်တော့ မင်းပြစ်မင်းဒဏ် သင့်ချင်နေပြီထင်တယ် ။ဘာမှ ဆက်မပြောနဲ့တော့......."
"အို ရှင်မကလည်း ။ငါ ကြားခဲ့တာကို ပြောပြတာလေ ။ခု အဲ့သတင်းက ပြန့်နှံ့နေပြီ နေရာတိုင်း ။မင်းပြစ်မင်းဒဏ်တာ သင့်ရင် ငါတို့ပြည်သူတွေအကုန်သင့်နေပြီကွ......."
ဗြော အေးဆေးစွာပင် ထိုလင်မယား ဆက်ပြောမည့်စကားကို နားစွင့်နေလိုက်သည်။
"ဘယ်သူတွေ ဘာပြောပြော ရှင်တော့မပြောနဲ့......."
"ငါလည်း မင်းသိအောင်လို့ လာပြောပြတာပါကွာ ။အလုပ်ပြန်သွားတော့မယ်......."
ယောက်ျားဖြစ်သူ အလုပ်ပြန်သွားတော့ မိန်းမဖြစ်သူမှာလည်း လုပ်လက်စအလုပ်ဆက်လုပ်ရတော့သည်။
"သေရည် သုံးအိုး......"
"လာပါပြီရှင့်......."
သေရည်ချပေးပြီးနောက် ထိုလူတစ်စုသည် ဝိုင်းဖွဲ့ကာ စကားပြောခြင်း စတင်ကြတော့သည်။
"ဒါနဲ့ကြားပြီးပြီလား အရှင်မင်းကြီးခေါ်ဆောင်လာတဲ့ ဧကရီက အောက်လမ်းတတ်တယ်ဆိုတာလေ ........"
"အရှင်မင်းကြီးခေါ်လာတာက ဧကရီနှစ်ယောက်လေ ဘယ်တစ်ယောက်ကိုပြောတာလဲ........"
"အရှင်မင်းကြီးကိုယ်တိုင်ခေါ်လာတာက တစ်ယောက်ထဲရှိတယ်လေ ကင်တိုင်းပြည်က အိမ်ရှေ့စံမင်းသမီး......"
"ဟေ့ အိမ်ရှေ့စံမင်းသမီးတစ်ပါးက အောက်လမ်းပညာတတ်ပါ့မလား သေချာစဉ်းစားလေ......."
"ဟေ့ ဖြစ်လည်းဖြစ်နိုင်တယ်နော်။ကင်တိုင်းပြည်က ငါတို့တိုင်းပြည်နဲ့ လုံးဝမှမတည့်တာ ။ အောက်လမ်းနည်းနဲ့လည်း အပိုင်သိမ်းချင်တာ ဖြစ်မှာပေါ့......."