(Unicode)
"ယောင်း မေးသာဖြေပါအုံး ခမည်းတော်......."
"ဟင်း....."
အထပ်ထပ်အခါခါ မေးနေသော သမီးတော်ကြောင့် ကင်ဘုရင်မှာ သက်ပြင်းချမိလိုက်သည်။မပြောလို့လည်း မရတော့။ဒီတစ်ကြိမ်လည်း နန်းပြင်ခိုးထွက်ပြန်ပြီ။ဒီသမီးတော်လေးတစ်ယောက်ရှိပါတယ် ။ ဘယ်လိုမှကို ထိန်းမရတားမရ။
"တစ်နေ့မဟုတ် တစ်နေ့တော့ စစ်ဖြစ်ရမှာပဲလေ သမီးတော်ရဲ့။ ခုဖြစ်မယ့်စစ်ကတော့ သမီးတော်နဲ့ လုံးဝမဆိုင်ပါဘူး......."
"ဟောကိန်းဆိုတာကကော ။ယောင်းဖြင့် လုံးဝမကြားမိပါဘူး...."
"အဲ့ဟောကိန်းက မမှန်ကန်လို့ မပြောဖို့ကို တားမြစ်ထားခဲ့တာ ယောင်းလေးရဲ့......"
ဘေးနားကနေ မယ်တော်က ဝင်ဖြေလာသည်။
"ယောင်းသိချင်တယ် အဲ့ဟောကိန်းအကြောင်း ပြောပြပါနော်..."
ကင်ဘုရင်နှင့်မိဖုရားမှာ တစ်ဦးနှင့်တစ်ဦး မျက်လုံးခြင်းဆုံမိသွားကြသည်။သိချင်ပြီဆို ဘယ်လိုအကြောင်းမျိုးနဲ့မှ တားလို့မရဖူးဆိုတာ သူတို့ကိုယ်တိုင်အသိဆုံး။နောက်ဆုံးတော့ ကင်ဘုရင်ကြီးလဲ ပြောပြဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
"ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ကျော်လောက်က ဟောကိန်းတွေ အလွန်ယုံကြည်ကြတယ်ဆိုတာ သမီးးတော်ကြားဖူးတယ်မလား......"
ခမည်းတော်အပြောကို ထယ်ယောင်း ခေါင်းငြိမ့်ပြလိုက်သည်။မကြားချင်မှအဆုံး အွန်းနီပြောနေတာလေ။ဟောကိန်းတွေဆို အွန်းနီက သိပ်ယုံကြည်တာကိုး။
"အဲ့နှစ်က အထူးခြားဆုံး ဟောကိန်းတစ်ခုထွက်ခဲ့တယ်လေ။အရက်စက်ဆုံးဘုရင်တစ်ပါး ထွက်ပေါ်လာလိမ့်မယ်တဲ့လေ...."
"ဘုရင်တိုင်းက သူ့နည်းသူ့ဟန်နဲ့ ရက်စက်ကြတာပဲကို......."
ဆူပုတ်ပုတ်ဖြင့် ထယ်ယောင်းကြားဖြတ်ကာ ဝင်ပြောလိုက်ခြင်းပင်။ခမည်းတော်ကတော့ ထယ်ယောင်းကို ထောက်ခံသည့်အကြည့်ဖြင့် ကြည့်ကာ ပြုံးသည်။
"ဘုရင်တိုင်းရက်စက်ကြတာတော့ မှန်တာပေါ့ ယောင်းလေးရဲ့။ဒါပေမယ့်ဟောကိန်းရဲ့ဘုရင်ကတော့ အရက်စက်ဆုံးပဲ။ပြီးတော့ ယှဉ်နိုင်မယ့် ဘုရင်ဆိုတာလည်း မရှိဘူး။တစ်ဦးတည်းသော ဧကရာဇ်ဖြစ်လာမယ့်သူပဲ။ဧကရာဇ်လောက်ရက်စက်တဲ့သူ မရှိသလို နူးညံ့ပြတ်သားသူလဲ မရှိဘူး......."