*23*

4.1K 274 22
                                        

(Unicode)

"ဘာ အဲ့အင်းအစီအမံတွေကို မီးရှို့လိုက်တယ် ဟုတ်လား ဗီး....."

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ......."

"မီးရှို့လိုက်တဲ့ အကျိုးဆက်ကို ကြည့်လိုက်......."

နတ်ဆရာမက မင်းသမီးကို လက်ညိုးထိုးပြသည်မို့ ဗီးကြည့်လိုက်လျှင် ပုံလျက်သားလဲကျလို့သွားခဲ့သည်။ သူမ ထင်တာက အဲ့အစီအမံကိုသာ မီးရှို့လိုက်လျှင် မင်းသမီးလေးရဲ့ ဝေဒနာက သက်သာပျောက်ကင်းသွားမယ်လို့ ထင်ခဲ့တာလေ ။

ခုလို အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်လို့ သူမမှာ မထင်ထားခဲ့ပဲ ။ ငယ်လေးကတည်းကရင်း ခုအသက်အရွယ်အထိ မျက်ရည်တစ်စက်မှ မကျဘူးခဲ့တဲ့ သူမက ယခုတော့ မျက်ရည်အသွင်သွင် စီးကျလို့လာသည်။

သူမ တကယ်မရည်ရွယ်ခဲ့ပါ ။ တကယ်ကို ပျောက်ကင်းသွားမယ်လို့ထင်ခဲ့တာပါ။ခုတော့ မပျောက်ကင်းသည့်အပြင် မင်းသမီးပုံစံသည် တကိုယ်လုံး မီးလောင်ရာတွေဖြင့် ပြည့်နှက်လို့နေသည် ။ လူရုပ်တောင် မပေါ်တော့ ။ အဲ့လိုဖြစ်မှန်းတာ တကယ်သိခဲ့ရင် သူမ သူမ အဲ့အစီမံကို လက်ဖျားနဲ့တောင် ထိခဲ့မှာမဟုတ်ပေ။

"တကယ် တကယ် မရည်ရွယ်ခဲ့တာပါ ဟင့် တကယ်ပါ......"

ရင်ဘက်ကိုစုပ်ကိုင်ကာ ငိုကြွေးနေသော ဗီးကို နတ်ဆရာမလည်း  နှစ်သိမ့်သည့်အနေဖြင့် ဖက်သွယ်ကာ ကျောပြင်ကို အသာပုတ်ပေးလိုက်သည်။

"အဲ့တော့ မင်း မင်းသမီး အခြေအနေ ဘယ်လိုရှိလဲဟင် နတ်ဆရာမ အင့်......"

"ပုံမှန်ဆို အဲ့အစီအမံကို တစ်ခြားသူက မီးရှို့လိုက်ရင် သေသွားမှာမှန်ပေမယ့် မန္တန်လက်စွပ်ကြောင့် မင်းသမီးလေးက အသက်ကို မထိခိုက်မိလိုက်ဘူး......."

"မရည်ရွယ်ပါဘူး တစ်ကယ်ပါ ဟင့်........."

"အင်း သိတယ်......."

ဗီး စိတ်သက်သာလို သက်သာငြား  နှစ်သိမ့်သည့် အနေဖြင့် သူမလည်း ကျောပြင်ကိုသာ အဆက်မပြတ်ပဲ ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။ ဧကရီနေရာ ရဖို့အတွက် ဖြူစင်တဲ့လူတစ်ယောက်အဖို့ ပေးစပ်ရတဲ့အရင်းအနှီးဟာ သိပ်ကိုကြီးမားလိုက်တာ။

Emperor's empress.Where stories live. Discover now