(Unicode)
"ယောင်း မယ်တော်တို့ဆီကို မကြာမကြာ လာမယ်နော်......"
သူမကို ပွေ့ဖက်ကာ ဆိုလာသော သမီးတော်လေးကို ခေါင်းသာငြိမ့်ပြလိုက်သည်။တကယ်တမ်းခွဲရမယ်ဆိုတော့ သမီးတော်လေးကို သူမ မခွဲနိုင်ပေ။ကိုယ်ကမခွဲနိုင်တဲ့ပုံစံပြလို့လည်းမဖြစ်။ထို့ကြောင့် ဟန်ဆောင်သာ ပြုံးပြရတော့သည်။
မင်းကြီးကိုကြည့်လိုက်တော့လည်း သမီးတော်နှင့်ခွဲချင်ပုံမရ။သေချာသာကြည့်မယ့်ဆို မငိုမိအောင်ထိန်းနေပုံကို မြင်တွေ့ရမည်သာ။မင်းကြီးအတွက်သူမက အချစ်ဦးဆိုရင် အချစ်ဆုံးကတော့ သမီးတော်လေး ယောင်းပင်။
မွေးဖွားစဉ်ကတည်းကပင် ယောင်းကို လက်ကမချ။ ကိုယ်တိုင်တိုယ်ကျ ထိန်းကျောင်းခဲ့သည်။ အရွယ်ရောက်လာပြီး ပညာဆည်းပူးချိန်ကျတော့လည်း ဆရာတွေ သင်ကြားပို့ချလို့ပြီး အားလပ်ချိန်ရောက်ရင် ဘေးနားကနေကိုယ်တိုင်ကိုယ်ကျ ဂရုတစ်စိုက် ပြန်လည်သင်ကြားပို့ချပေးခဲ့သည်။
မိန်းကလေးတို့ တပ်အပ်သောပညာရပ်များကိုလည်း ဘုရင်တန်မဲ့ ကိုယ်တိုင်ကိုယ်ကျ လေ့လာကာ သမီးတော်ကို ပြန်လည်ကာသင်ကြားပို့ချခဲ့ပြန်သည်။နောက်ပိုင်း သမီးတော်ဟာလည်း အသေးစိတ်ကအစ လေ့လာသင်ကြားပေးသော သူ၏ခမည်းတော် သင်မှသာ ရတော့သည့်အနေအထားကို ရောက်သွားတော့သည်အထိပင်။
သူမထက် သမီးတော်လေးနှင့်အရင်းနှီးဆုံးကလည်း မင်းကြီးပင်။ငယ်လေးကတည်းကအစ ကြီးသည်အထိကို ပိုးမွှေးသလို ဂရုတစ်စိုက်ကို စောင့်လျှောက်လာခြင်း။သမီးတော်လေးနှင့် ခွဲခွာရချိန်အနာကျင်ဆုံးက မင်းကြီးသာ ဖြစ်မည်။
"ယောင်း မလာနိုင်ရင်တောင် ခမည်းတော်က ယောင်းဆီလာမယ်မလား ......"
"ဒါပေါ့ ခမည်းတော်မလာနိုင်ရင်တောင် ယောင်းကို နေ့တိုင်းစာမပြတ် ပို့မှာ။စိတ်ချ........."
ခမည်းတော်ရင်ခွင်ထဲ တိုးဝင်လိုက်တော့ ထယ်ယောင်းကို တင်းကြပ်စွာ ဖက်လာသော ခမည်းတော်။ သူ့အပေါ် သိပ်ချစ်တဲ့ ခမည်းတော်နဲ့ ခွဲရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ။ခုတော့မခွဲချင်လဲ ခွဲရပေအုံးမည်။