(Unicode)
ဟိုဆော့ကော မင်းသားယွန်းဂီကော နှစ်ဦးစလုံး ရန်သူ၏ ပိုင်နက်အတွင်းသို့ ရောက်ရှိနေကြသည်။ အကြောင်းကတော့ မတိုက်ခိုက်ခင် ရန်သူ့အခြေအနေကို စောင့်ကြည့်နေခြင်းပင်။သူတို့နှစ်ဦးလုံး စောင့်ကြည့်နေတာ ဒါနဲ့ဆို သုံးရက်လောက်ရှိနေပြီပင်။
စောင့်ကြည့်နေသော အတောအတွင်း စစ်သည်အင်အား တစ်နေ့တစ်ခြား အင်အားတောင့်တင်းလာတာကိုလည်း တွေ့မြင်ရသည်။ထိုအချက်က သူတို့နှစ်ဦးအတွက် သံသယဖြစ်ဖွယ်အချက်ပင်။
လူဦးရေသိပ်မများသော ဒီနိုင်ငံသည် အဘယ်ကြောင့်များ တစ်နေ့တစ်ခြား စစ်သည်အင်အားတောင့်တင်းလာရပါသနည်း ။ထို့ကြောင့် စစ်မတိုက်သေးဘဲ အခြေအနေစောင့်ကြည့်နေခြင်းပင်။
ဟိုဆော့ကော ယွန်းဂီကို စောင့်ကြည့်နေစဉ် ဆိုင်အတွင်းသို့ တပ်သားအနည်းငယ် ဝင်ရောက်လာကြသည်။တစ်ဦးနှင့်တစ်ဦးအကြည့်ခြင်း အချက်ပြလိုက်သည်။ထို့နောက် ယွန်းဂီသည် သေရည်ခွက်ကိုင်ကာ မတ်တပ်ထရပ်လိုက်ပြီး
"ဒီနေ့က ကျွန်တော့်မွေးနေ့ ။ ဒီဆိုင်လာသောက်သူ မှန်သမျှ ကျွန်တော်ပဲ ဒိုင်ခံပါ့မယ်......."
"ဝေးဟေး......"
ယွန်းဂီစကားအဆုံး ဆိုင်အတွင်းရှိ လူအားလုံးသည် လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်လို့သွားခဲ့သည် ။ ယွန်းဂီနဲ့ဟိုဆော့လည်း ဆက်သောက်နေစဉ်အတွင်း သူတို့ဝိုင်းသို့ တပ်သားတစ်ဦးမှ ဝင်ထိုင်ကာ
"ဒီက နောင်ကြီးတို့က ဒီမြို့မှာ တစ်ခါမှ မမြင်ဘူးသလိုပဲ ......."
"မမြင်ဘူးဆို ကျွန်တော်တို့က ဒီနိုင်ငံမှ မဟုတ်တာ......"
"ဒါဆို နောင်ကြီးတို့က ဘယ်နိုင်ငံကလဲဗျ ......"
"ကျွန်တော်မျိုးတို့က ကင်နိုင်ငံကပါ ......."
ဒီတစ်ကြိမ်တွင်တော့ ဟိုဆော့မှ ဝင်ဖြေလိုက်ခြင်းပင် ။ထို့အတူ ထိုလူကို အရက်ပါ တစ်ခါတည်း ငှဲ့ပေးလိုက်သည်။
"ဒါနဲ့ကင်နိုင်ငံက ဂျွန်လက်အောက်ရောက်သွားပြီမဟုတ်ဘူးလား........"
