(Unicode....)
"မနက်ဖြန် ထိမ်းမြားရတော့မှာဆိုတော့ စိတ်လှုပ်ရှားနေပြီလား အကိုဟိုဆော့......."
"စိတ်မလှုပ်ရှားဘူးပြောရင် လိမ်ရာကြမှာပေါ့ မင်းသမီးလေးရဲ့..."
"အခု မင်းသားလို့တရားဝင် ခေါ်လို့ရပါပြီ ။ အရှင်အပါအဝင် အကုန်လုံး သိသွားပြီဆိုတော့လေ......"
"ဟုတ်ကဲ့ပါ မင်းသားလေး ။ ဒါနဲ့ ပုံစံကော မပြောင်းသေးဘူးလား......."
"ဒီလိုပုံစံလေးနဲ့နေသားကျနေပြီလေ မပြောင်းလဲ ချင်တော့ပါဘူး....."
"အရှင်မင်းကြီးက ဒီပုံစံလေးအတိုင်း သဘောကျတယ်ပြောလို့လား မင်းသားလေး........"
"မဟုတ်ပါဘူး။ အရှင်က ယောက်ျားလေးလိုနေဖို့ပြောတယ် ။ ယောင်းကကို မနေတာ ........"
အရှင်နဲ့စတွေ့ခဲ့တာဟာ ယောက်ျားသားပုံစံနဲ့မှ မဟုတ်ဘဲ ။ခုလိုပုံစံဖြင့်သာ စတွေ့ခဲ့သည်မို့ ပြောင်းလဲဖို့အစီစဉ်မရှိ။ သေဆုံးသည်အထိ မင်းသမီးတစ်ပါးလိုသာ နေထိုင်သွားဖို့ ဆုံးဖြတ်ထားပြီးသား။
"နှုတ်လည်းကျိုးနေပြီဆိုတော့ ကိုယ်လည်း မင်းသမီးလေးပဲ ခေါ်တော့မယ် ....."
အကိုဟိုဆော့အပြောကို ထယ်ယောင်း ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းသားယွန်းဂီအပေါ် တကယ်ပဲ ချစ်မြတ်နိုးတာလား အကိုဟိုဆော့........."
ရှေ့ဆက်လှမ်းမည့် ခြေလှမ်းလှမ်းတို့သည် မင်းသမီးလေး၏ အမေးစကားကြောင့် ရပ်တန့်လို့သွားခဲ့သည်။ ထို့အတူ ဆော့ဂီပြောလာမည့်စကားကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် နားစွင့်နေလိုက်သည်။
"ဘယ်အချိန်ကလဲမသိပေမယ့် ကိုယ်သိလိုက်ချိန်မှာတော့ မင်းသားယွန်းဂီဟာ ကိုယ်အချစ်ရဆုံး သူ ဖြစ်နေပြီလေ ။ အချစ်ဦးကိုတော့ လက်လွှတ်ခဲ့ရပေမယ့် အချစ်ဆုံးကိုတော့ လက်မလွှတ်ချင်ဘူး .........."
နောက်ဆုံးစကားကိုတော့ အကွယ်တစ်နေရာတွင် ချောင်းကာနားထောင်နေသော လူသားလေးဆီသို့ အကြည့်ပို့ရင်း ပြောလိုက်သည် ။ သူကြည့်နေတာကို သိသည့်အလား ထိုလူသားလေးသည် ခေါင်းဖော်ကာ ဟီးခနဲ ရယ်ပြလာသည်။