*14*

2.9K 211 25
                                    

(Unicode)

"ဟက်ဂျွန်ဘုရင်တော့ ဧကရီနှစ်ယောက်ကြား ဗျာများနေတော့မှာပဲ.........."

စာရွက်လိပ်ကို မီးရှို့ရင်း ဆုန်းဘုရင် ဆုန်းရွမ်မြောင် တီးတိုးရွတ်ဆိုလိုက်သည် ။ အချိန်အခါကောင်းကို စောင့်ရတော့မှာပဲ။

"ကိုယ်တော်တို့ လူက ပိရိသားပဲ ........."

မင်းကြီးအပြောကို အမတ်ရွယ်က ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။

"ဧကရီနှစ်ယောက်အကြောင်းကိုလည်း အဆက်မပြတ်သတင်းပို့ဖို့ ပြောထားပါတယ်မင်းကြီး......."

"ဧကရီနှစ်ယောက် မသင့်မြတ်လေ ကိုယ်တော်တို့အတွက် အကျိုးပိုရှိလေပဲလေ ......"

"မှန်ပါ့ ။မင်းကြီး ဘာဆက်လုပ်မယ် စိတ်ကူးထားပါသလဲ......"

"ကိုယ်တော်တို့အခြေအနေစောင့်ကြည့်ကြတာပေါ့ အမတ်ကြီး...."

"မှန်လှပါ မင်းကြီး။ဒါနဲ့ မင်းကြီးမိဖုရားအမြန်မြှောက်သင့်ပါပြီ ။ဒါမှ နန်းတွင်းရေးရာ ရေရှည်တည်မြဲပါလိမ့်မယ်။မဟုတ်လျှင် မင်းကြီးရဲ့ မယ်တော်တွေက သူတို့သားအတွက် လက်ဦးမှုယူမှာကို စိုးရိမ်မိကြောင်းပါ မင်းကြီး......"

အမတ်ကြီး ပြောတာလဲ မမှားပေ။လူတိုင်းက ဘုရင်နေရာကို လိုချင်တပ်မက်နေကြသည်။ခုချိန်မှာမှ မိဖုရား မတင်မြှောက်ထားလျှင် နန်းတွင်းအရှုပ်တော်ပုံက အနှေးနဲ့အမြန် ပေါ်ပေါက်လာနိုင်သည်။

သူနှင့်အနီးစပ်ဆုံး အယုံကြည်ရဆုံးကို တွေးကြည့်တော့ အမတ်ကြီးရဲ့ သမီး ရွယ်မင်ဟီးသာ ရှိသည်။ငယ်စဉ်ကတည်းက ပေါင်းလာသူမို့ စိတ်နေစိတ်ထားကအစ ယုံကြည်မှုရှိမရှိ သိထားပြီးသားပင်။

ဒါပေမယ့် ရွယ်မင်ဟီး သူ့ပေါ်ဘယ်လိုသဘောထားလဲဆိုတာ မသိရသေးပေ။ရွယ်မင်ဟီးနဲ့ တွေ့ကြည့်တာ အကောင်းဆုံးပင်။

"မင်ဟီး ဘယ်မှာရှိလဲ အမတ်ကြီး......."

"ခုချိန်အိမ်တော်ရဲ့ ဥယျာဉ်ထဲမှာ ရှိမယ်ထင်တယ် မင်းကြီး......."

"ကိုယ်တော် မင်ဟီးနဲ့တွေ့ချင်တယ် အမတ်ကြီး......."

"ကျွန်တော်မျိုး သမီးကို မင်းကြီးဆီ လွှတ်လိုက်ပါ့မယ်......"

Emperor's empress.Where stories live. Discover now