*28*

3.9K 244 6
                                        

(Unicode.....)

ဂျွန်မင်းသား ထိမ်းမြားသောနေ့.............

ဝေလီဝေလင်းအချိန်တွင် တစ်ကိုယ်လုံး အမည်းရောင်ဝတ်ဆင်ထားသော လူတစ်ဦးသည် ရဲမက်များမတွေ့အောင် ရှောင်ရှားကာ နန်းတော်တွင်းသို့ ဝင်လာခဲ့သည်။

နန်းတော်တွင်းအရောက် ထိုလူရဲ့ဦးတည်ရာသည် မီးဖိုဆောင်ပင်ဖြစ်သည် ။မီးဖိုဆောင်ရောက်တော့ အပြင်ဘက်တွင် နန်းတွင်းသူတစ်ဦး အပြင်မှာရပ်စောင့်နေသည်ကို တွေ့မြင်လိုက်ရသည်။

ဒါဆို သူမသည် သေချာပေါက် သူတို့လူပင်။ သူမအနားသို့ ခြင်းကပ်ကာ သွားလိုက်သည်။သူ့ကိုလည်းမြင်ရောနှုတ်ခမ်းပေါ်လက်ညိုးတင်ကာ တိတ်တိတ်နေဆိုသောပုံစံ လုပ်ပြလာသည်။

ထို့နောက်သူမသည် ရှေ့မှဦးဆောင်ကာ ထွက်သွားသည်မို့ သူမနောက်သို့ တိတ်တစ်ဆိတ်သာ လိုက်လာခဲ့လိုက်သည်။လူဆဲသည့်နေရာရောက်တော့ သူမသည် နောက်လှည့်ကာ လက်ဖြန့်တောင်းလာသည်မို့ အိပ်ကပ်ထဲမှ ဧကရီပေးသော အထုပ်သေးကို သူမလက်ဖဝါးသို့ ထည့်ပေးလိုက်သည်။

ဧကရီပေးကတည်းက ထိုအထုပ်ကို စိတ်ဝင်စား နေသည်မို့ သူမကို မေးဖို့ဆုံးဖြတ်လိုက်တော့တယ်။

"အဲ့တာ ဘာအထုပ်လဲ ......."

"မိဖုရား မပြောလိုက်ဘူးလား စစ်သူကြီး........"

ထိုမိန်းကလေးအပြောကို သူ ခေါင်းခါပြလိုက်သည် ။

"ရေကအစ ဘာအစားစာမှ မထိဖို့တော့မှာလိုက်တယ် ။ အဆိပ်တော့ မဟုတ်ဘူးမလား ......"

"မဟုတ်ပါဘူး ဒါ အိပ်ဆေးတစ်မျိုးပါ ။ နည်းနည်းတော့ပျင်းတယ် ။ ဒီဆေးကိုမိရင် အနည်းဆုံး ငါးရက်တော့ အိပ်ပျော်သွားတတ်တယ်......."

ငါးရက်တောင် အိပ်ပျော်သွားတာကို နည်းနည်းပျင်းတယ်တဲ့လား ။ ဘုရားဘုရား ။ ရေကအစလုံးဝကို မထိဖို့ ဆုံးဖြတ်လိုက်တော့သည်။တော်သေး လိုရမယ်ရ ရိက္ခာတွေထည့်လာခဲ့လို့။

"ဒါဆို ထိမ်းမြားပွဲ ကျင်းပမယ့်နေရာနဲ့ နည်းနည်း အလှမ်းဝေးမယ့်နေရာမှာ စောင့်နေပါ ။ ခုလောလောဆယ်တော့ ကျွန်မအဆောင်မှာ ဝင်နားလို့ရတယ် ။ စားဖိုဆောင်နဲ့နီးတော့ တစ်ယောက်မှရိပ်မိမှာမဟုတ်ဘူး ......."

Emperor's empress.Where stories live. Discover now