(Unicode)
မင်းသားယွန်းဂီ ဦးဆောင်သော တပ်စုကြီးသည် စတုတ္ထမြောက်အင်းအင်ကြီးနိုင်ငံဆီသို့ ဦးတည်ခဲ့လေသည်။
လေးငါးရက်ခရီးနှင်ပြီးနောက်မှာတော့ ထိုနိုင်ငံရဲ့ နယ်စပ်သို့ ရောက်ရှိခဲ့လေသည်။
တိုက်ပွဲရဲ့ခယာသံကို မှုတ်ပြီးနောက် တပ်သားအလုံးလိုက်အရင်းလိုက် ဝင်ရောက်လာကြသည်။ထင်မှတ်မထားချိန် ဝင်ရောက်တိုက်ခိုက်သည်မို့ နယ်စပ်ရှိတပ်သားအတော်အများ သေကြေပျက်စီးကြကုန်သည်။
နယ်စပ်တိုက်ပွဲကို တပ်မှူးကြီးဦးဆောင်နေချိန် မင်းသားယွန်းဂီနဲ့ အထူးတပ်ဖွဲ့ငါးဦးနှင့်တပ်သားဆယ့်ငါးဦးတို့သည် ရုပ်ဖျက်ကာ နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
ဘုရင်သည်လည်း တပ်သားများကို နယ်စပ်သို့ ထပ်မံကာစေလွတ်ခဲ့သည်။စေလွှတ်ခံရသော တပ်သားများသည်လည်း နယ်စပ်မရောက်ခင် ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရသည့်အတွက် နယ်စပ်သို့တစ်ဦးတတစ်ယောက်မျှကို မရောက်ရှိလိုက်ပေ။
ခုဆိုမြို့ထဲတွင် တပ်သားရာကျော်မျှသာ ကျန်တော့သည်။နန်းတွင်းထဲတွင်လည်း တပ်သားဦးရေသည်လည်း ဆယ်ကျော်မျှသာကျန်တော့သည်။တိုက်ပွဲသံလည်းကြားရော မပြောင်းရွေ့ရသေးသော ပြည်သူများသည် ဘေးလွှတ်ရာသို့ လျင်မြန်စွာ ပြောင်းရွှေ့ဖို့စီစဉ်ကြရတော့သည်။
ထို့ကြောင့်မြို့ထဲတွင် သွားသူသွားလာသူလာနှင့် ရှုပ်ယှက်ခတ်နေကြတော့သည်။
"မင်းသားလေး ဘယ်ချိန်စကြမလဲ ......"
"ပြည်သူတွေ ဘေးလွှတ်ရာရောက်ရင် စကြတာပေါ့ ......"
ငါးနာရီကြာမြင့်ပြီးနောက် မြို့ထဲတွင်တပ်သားကလွဲ မည်သူမျှ ရှိမနေတော့ပေ။ထပ်မံကာခရာသံအဆုံး မြို့ထဲတွင်တိုက်ပွဲစတင်ဖြစ်ပေါ်ခဲ့သည်။
မင်းသားယွန်းဂီနှင့်အထူးတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ရေးတွင် လွန်စွာသာလွန်သည်မို့ သူတို့၏ဓားချက်အောင် ရန်သူ့တပ်သားများသည် သွေးမြေခသွားရသည်ချည်း။
သက်လုံအားကောင်းအောင် လေ့ကျင့်သင်ကြားခဲ့ကြရသည်မို့ မြို့ထဲရှိတပ်သားရာကျော်ဟာ လုံးဝကို အမြစ်ပြတ်သွားကျလေပြီ။ခုဆို နန်းတွင်းသာ ကျန်တော့သည်။
