(Unicode)
"ကိုယ်တော်မရှိတဲ့အတောအတွင်း ဖြစ်ပျက်သမျှ တစ်ခွန်းမကျန် အကုန်ပြော ဝမ် ......"
ဝမ်သည်လည်း တစ်ခွန်းတစ်လေမျှ မကျန်ရလေအောင် ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်သည်။ ပြောနေစဉ်အတောအတွင်းလည်း အရှင်မင်းကြီး၏မျက်နှာရိပ် အခြေအနေကိုလည်း ကြည့်ရသေးသည်။
"အဲ့တော့ လောလောဆယ် ကင်နာအွန်းကို တရားခံအဖြစ် သတ်မှတ်ထားတယ်ပေါ့......"
"မှန်လှပါ အရှင်မင်းကြီး ။ တကယ်ဟုတ်မဟုတ်ကိုတော့ မင်းသားယွန်းဂီ ပြန်ရောက်လာရင် သေချာသိရမှာပါ အရှင်မင်းကြီး......."
"အွန်း ကိုယ်တော်သိပြီ......."
အေးဆေးတည်ငြိမ်စွာ ပြောလာသော အရှင်မင်းကြီးကြောင့် ဝမ်မှာ တအံ့တဩ။ ပုံမှန်အနေအထားဆို ဒေါသထွက်ရမှာမလား ။ အခုဟာက အရှင်မင်းကြီးက ပကတိ တည်ငြိမ်လျက်။
"ကိုယ်တော်ကို ပြောစရာရှိသေးတာလား ဝမ်......."
"ဟို မရှိတော့ပါဘူး။ အရှင်မင်းကြီး ဒေါသမထွက်ဘူးလား......"
"ကိုယ်တော်က ဒေါသထွက်ရင် ကိုယ်တော်ပဲ ပင်ပန်းရမှာပေါ့ ။ သူ့ အကုသိုလ်နဲ့ သူ သွားလိမ့်မယ်လေ ......."
သူ့ အကုသိုလ်နဲ့အတူ သွားဖို့အတွက် ပို့ဖို့ကတော့ ဒီကိုယ်တော်၏ တာဝန်ပေါ့။
"အရှင်မင်းကြီး ဟောကိန်းအရဆို မင်းသားလေးကင်က ဧကရီ မဖြစ်နိုင်တော့ဘူးမလား......."
"ဧကရီနေရာဆိုတာ ဟောကိန်းက သတ်မှတ်တာမဟုတ်ဘူး ရှင်ဘုရင်ကိုယ်တိုင်ကသတ်မှတ်တာလေ ဝမ်......."
"တော်ပါသေးရဲ့ မင်းသားလေး မဟုတ်ဘဲ တစ်ခြားသူ ဖြစ်မှာစိုးရိမ်နေတာ........"
ဝမ်စကားကြောင့် ပြုံးမိသွားသည် ။ တစ်ပါးသူရဲ့ စကားမှာတင် သူ၏ယောင်းဟာ ဧကရီနေရာအတွက် အထိုက်တန်ဆုံးဖြစ်နေပြီလေ။
"ဒါနဲ့ ညီတော်တိုရဲ့ အပြန်ခရီးက ဘာလို့ဒီလောက်ကြာနေတာလဲ......"
" ချစ်တဲ့သူနဲ့အတူတူတိုက်ရဲ့တဲ့ တိုက်ပွဲဆိုတော့ အပြန်လမ်းက ကြာချင်ကြာမှာပေါ့ အရှင်မင်းကြီး......"
