(Unicode...)
"ယောင်း ကိုယ်တော့်ကို လွမ်းလို့ လိုက်လာတာလား......"
"မဟုတ်ပါဘူး ခမည်းတော်နဲ့ မယ်တော် ၊အွန်းနီနဲ့ဗီးတို့ကို စိတ်ဆိုးပြီး အရှင့်ဆီ ထွက်လာတာ........"
"ဟုတ်လား သူတို့က ယောင်းကို ဘာလုပ်လို့လဲ......"
ဂျောင်ဂုလည်း ဖတ်လက်စ စာချွန်လွှာကို ချကာ ယောင်းကို မေးလိုက်သည် ။ နှုတ်ခမ်းဆူထားတာများ ဘဲနှုတ်သီးတောင် အရှုံးပေးရသည် ။တကယ်ကြီးကို စိတ်ဆိုးလာပုံပင်။
"အရှင်ပဲ စဉ်းစားကြည့်လေ ......"
"အင်း ......."
"ယောင်းက ခမည်းတော်နဲ့မယ်တော်ကို တွေ့လိုက်ရလို့ အရမ်းဝမ်းသာပြီး လွမ်းကြောင်းပြောတာကို အရှင့်ပုံကိုကြည့်ပြီး သူတို့ကို လွမ်းနေတာ မဟုတ်ပါဘူးတဲ့လေ ။ အွန်းနီနဲ့ ဗီးကလည်း မယ်တော်တို့ဘက်က ထောက်ခံတယ်လေ......"
"ယောင်းက ကိုယ်တော့်ပုံဆွဲနေတာလား......"
"ဟုတ်တယ်လေ အရှင်မှ အနားမရှိတာ အဲ့တော့အရှင်ပုံထိုင်ဆွဲ အယ်......."
ပြောလည်းပြော ထပြေးမယ်လုပ်နေသော ယောင်းကို လက်မှဆွဲကာ သူ၏ပေါင်ထပ်သို့ ထိုင်စေလိုက်သည်။ ထမသွားစေရန်လည်း ခါးသွယ်သွယ်လေးကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။
"အရှင် လွှတ်နော် ......"
"ကိုယ်တော်က ဘာကိစ္စလွှတ်ရမှာလဲ....."
"ယောင်းတို့က ချစ်သူတွေမှ မဟုတ်တာ ။ အဲ့တော့ အသားမယူနဲ့လေ......."
"ချစ်သူတွေမဟုတ်လို့ဘဲ အသားယူတာပေါ့ ........"
"မဟုတ်ရင် အသားမယူရဘူး လွှတ် အရှင်......"
ခါးသွယ်သွယ်ထက်တွင်ရှိနေသော သူ၏လက်ကို အတင်းကို ဖြချနေသောယောင်း ။ ဖြေချလို့မရတော့ သူ၏လက်ဖမိုးကို တစ်ဖက်ဖက်နှင့်ကို စိတ်တိုင်းကျရိုက်နေတော့တာ ။နောက်ဆုံး ရိုက်ရတာ မောသွားပြီထင်ပါ့ သူ၏ရင်ခွင်ထဲသို့ မှီလာသော ယောင်း။
"အရှင်က အရမ်းဆိုးတယ် ယောင်းစကားလည်း နားမထောင်ဘူး....."
"ကိုယ်တော်သာ ယောင်းစကားနားမထောင်ရင် ခုချိန်ယောင်းက ကိုယ်တော့်အပိုင်ဖြစ်လို့ ကလေးပိစိလေးတွေတောင် ထွက်လာနေလောက်ပြီ......"
![](https://img.wattpad.com/cover/358440652-288-k859086.jpg)