ကြည့်လို့ဝပြီလား
နဉ်ယိုးအနေနှင့် သူသင်ယူခဲ့ရသည့်ပညာရေးကိုအမြဲပဲမေးခွန်းထုတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသင်ယူခဲ့ရသည့်အရာများက သူကြီးပျင်းလာသည့်ပတ်ဝန်းကျင်နှင့် လားလားမျှမသက်ဆိုင်နေတာကြောင့်ပင်။
ဥပမာဆိုရလျှင်၊ ဓာတ်လှေကားစီးနေရင်းနှင့် ဝန်ထမ်းတစ်ယောက်၏ခြေထောက်ကိုနဉ်ယိုးတက်နင်းလိုက်မိသည်ဆိုပါစို့၊ သူ့ဘက်ကနေ တောင်းပန်စကားမဆိုရခင်မှာပဲ ထိုဝန်ထမ်းကိုခါးကိုညွှတ်ကာအရင်တောင်းပန်လာမည်ဖြစ်သည်။ သူနင်းမိသွားမယ့်နေရာမှာ ခြေထောက်ထားမိသူကသာ အပြစ်ပိုရှိနေသကဲ့သို့။
အတွေးအခေါ်ပညာရှင်တွေက တန်းတူညီမျှမှုကို အလေးပေးပြောဆိုနေကြသော်လည်း လက်တွေ့ဘဝတွင် အရေးပေးမှုတွေရှိနေဆဲဖြစ်ပြီး နဉ်ယိုးသည်ပင် အရေးပေးဆက်ဆံခံရသည့်အခွင့်ထူးခံဖြစ်ရတာနှင့်အသားကျနေခဲ့လေ၏။
လူသားတိုင်းကလည်း လူတွေကြားကအဆင့်အတန်းကွာဟချက်နှင့် အခွင့်ထူးခံစားခွင့်တွေကိုနားလည်လက်ခံထားကြပြီး ဝင်ငွေနှင့်ပညာရေးအဆင့်အတန်းကဲ့သို့သောအရာများမှတဆင့် လူတွေကိုအုပ်စုမျိုးစုံခွဲလို့ရနိုင်ပေသည်။
နဉ်ယိုးရဲ့မိဘတွေကသူ့ကို အထက်စီးဆန်တဲ့သူမဖြစ်အောင်အမြဲဆုံးမတတ်သည်။ သို့သော်လည်း အတွေးအခေါ်ပညာရှင်တွေက တွေးသည့်နေရာမှာသာအကြီးအကျယ်တွေးပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်သကဲ့သို့၊ နဉ်ယိုးလည်းပဲ ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်မိချိန်တွင်သာ ဆင်ခြင်မိပြီး များသောအားဖြင့် သူရသင့်ရထိုက်သည့် အလေးပေးမှုကို ကျေနပ်နေတတ်သည်ပင်။
လီမုကသူ့ကိုအသုံးမဝင်သည့်သူဟုထင်လေမလားမသိပေမယ့် တကယ်တမ်းတော့သူက လျှပ်ကူးပစ္စည်းသုတေတီဖြစ်ပြီး နဉ်မိသားစုလုပ်ငန်းပိုင် နည်းပညာဌာနတွင်လည်း အင်ဂျင်နီယာချုပ်ဖြစ်သည်။
သူ့ပတ်ဝန်းကျင်မှာဆို သူ့ကိုရိုင်းပျရဲသည့်သူဟူ၍မရှိပေ။ အခုလို ထူးဆန်းပြီးယဉ်ကျေးမှုအဆင့်အတန်းမမြင့်မားသည့်နေရာတွင်ရောက်နေချိန်တွင်တော့ သူ့ရဲ့ရာထူးဂုဏ်သိမ်အားလုံးဖယ်ရှားခံလိုက်ရပြီး သူ့ရဲ့မူလသွင်ပြင်ပေါ်လာခဲ့လေ၏။ သူဟာ ဘယ်သူမှအထင်မကြီးလောက်မယ့် သာမန်လူတစ်ဦးပင်။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...