လူကြမ်းကြီးပင်စိတ်ဓာတ်ကျရ
လီမုအပေါ်မှာ နဉ်ယိုး၏အမြင်က သိပ်တော့မရေရာချေ။
ဖြစ်နိုင်တာက လီမုရဲ့ဘဝလမ်းကြောင်းက အဆင်မပြေဖြစ်ခဲ့ပြီး၊ စီးပွားရေးအရှုံးပေါ်ခဲ့သည်ကြောင့် တောင်ပေါ်မှာလာနေနေခြင်းဖြစ်မည်။
ဒါမှမဟုတ် သူ့မိသားစုနဲ့အခန့်မသင့်ဖြစ်ပြီး၊ ကမ္ဘာကြီးပေါ်ကနေရုန်းထွက်ချင်သည်ကြောင့် ဒီမှာလာနေနေခြင်းလည်းဖြစ်နိုင်သည်။
သို့ပေမယ့် ၎င်းတို့ထဲက ဘယ်အကြောင်းပြချက်ကမှကိုက်ညီခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လီမုက LaMarzocco ကော်ဖီစက်ကိုအသုံးပြုပြီး သိန်းပေါင်းရာထောင်ချီတန်သည့် Ford Raptor ကားကို တောင်ပေါ်မှာလာမောင်းနေသူဖြစ်တာကြောင့်ပင်။ ဘယ်လိုပဲကြည့်ကြည့် အရှုံးသမားတစ်ယောက်နှင့်တူမနေ။
မရေရာတဲ့ မှန်းဆချက်များသည် တဖြည်းဖြည်း ခိုင်မာလာသည်။ နဉ်ယိုး အတွေးထဲမှ မဖြစ်နိုင်သောအရာအားလုံးကို ဖယ်ရှားပြီးနောက်မှာ ဖြစ်နိုင်ချေတစ်ခုသာ ကျန်တော့သည်။ လီမုက ချမ်းသာသောမိသားစုမှ ဆင်းသက်လာပြီး၊ သူကိုယ်တိုင်ကို ဒီအလုပ်လုပ်ရတာပျော်ရွှင်နေသောကြောင့် သစ်တောကင်းထောက်တစ်ဦး ဖြစ်လာခဲ့သည်ဟု၍။
ကိုယ်ရေးကိုယ်တာမေးခွန်းများကို လီမုက မဖြေဆိုသည့်အတွက်၊ နဉ်ယိုး သူဖြေလာရန်မမျှော်လင့်ထားခဲ့သော်လည်းဘဲ လီမုကဖြေလာခဲ့၏။
"သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက်လို့ပြောရင်.. မင်းယုံမှာလား"
ထိုအဖြေက ယုတ္တိရှိတာကြောင့် လက်သင့်မခံနိုင်စရာအဖြေမျိုးဟုတ်မနေ။ ဒါပေမယ့် စကားအဆုံးကမေးခွန်းက သူ့ကိုဇဝေဇဝါဖြစ်စေသည်။
"ဘာလို့မယုံရမှာလဲ" ဟု နဉ်ယိုးကပြန်မေး၏။
"ရယ်စရာကောင်းလို့လေ"
လီမုက အရှေ့ကိုကြည့်နေရာကနေ အကြည့်မလွှဲပေ။
"လူအတော်များများအတွက်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာက ဆောင်ပုဒ်တစ်ခုဆိုတာထက်မပိုဘူး"
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...