19

5.1K 816 36
                                    

အိပ်ချင်စိတ်မရှိပါ

နဉ်ယိုး သိမ်းစရာလိုသည့်ပစ္စည်းများက သူ့ကျောပိုးအိတ်ထဲမှာရှိနေခဲ့သည့်ပစ္စည်းများသာဖြစ်သည်။ သူလာခဲ့စဉ်ကပါလာခဲ့သည့်ပစ္စည်းများကိုသာ သူပြန်ချိန်တွင်ပြန်သယ်သွားရမည်ဖြစ်ပြီး၊ ပိုလာတာမရှိလျော့သွားတာမရှိ၊ သူဘယ်တုန်းကမှ ဒီနေရာမှာမရှိခဲ့ဖူးသလိုပင်။

မီးဖိုထဲမှာဟင်းချက်နေသည့်လီမုရဲ့နောက်ကျောကို ဧည့်ခန်းထဲမှာထိုင်ရင်းနှင့်ကြည့်နေမိသည့် နဉ်ယိုး၏ရင်ထဲ၌ ဖော်မပြတတ်သည့်အရာတစ်ခု လစ်ဟာနေသလိုခံစားနေရ၏။

ဆက်ပြီးငေးမကြည့်နေချင်တော့တာကြောင့် သူကထလာလိုက်ပြီး လီမုရှိရာဆီလျှောက်လာကာ မေးလိုက်သည်။

"ငါတို့ပြန်လာတဲ့အချိန် မှောင်နေလောက်ပြီလား"

"မှောင်လောက်ပြီ"

လီမုက လှည့်မကြည့်ဘဲပြန်ဖြေသည်။

"အဲ့တာဆို ရေအရင်ချိုးထားတာကောင်းမယ်"

ဘေစင်နားသွားကာ တဘက်ယူလိုက်ရင်း နဉ်ယိုးကပြောသည်။

"ပြန်လာရင်အေးနေမှာ"

အသစ်ဆောက်ထားသည့် ရေချိုးခန်းလေးက အခုထိမသုံးရသေးချေ။ သူ့အနေနဲ့ ပါဝင်လုပ်ကိုင်ခဲ့တာနည်းနည်းပဲဆိုပေမယ့်လည်း၊ ဒါက လီမုနဲ့သူ့ရဲ့အတူကြိုးစားခဲ့ကြတဲ့ရလဒ် အသီးအပွင့်ပင်ဖြစ်သည်။

သိပ်မကြာလိုက်ပေ၊ ရေကျသံက မီးဖိုးခန်း၏ပြတွင်းမှတဆင့် အိမ်ထဲဝင်လာသည်။ လီမု ရေချိုးခန်းဘက်ကိုလှမ်းကြည့်လိုက်ပေမယ့် အထဲက‌ထွက်လာသည့် ရေခိုးရေငွေ့တွေကလွဲပြီး ဘာမှမမြင်ရ။

ထူးထူးဆန်းဆန်းတွေလုပ်မိနေကြောင်း လီမု သူ့ကိုယ်သူသတိပြုမိသွားကာမှ အကြည့်လွှဲလိုက်ပြီး လက်ထဲကဟင်းချက်စရာတွေကို အာရုံစိုက်လိုက်သည်။

ဒါပေမယ့် တခဏအကြာမှာပဲ အပြင်ဘက်ကနေကျောက်တုံးပိစိလေးတွေက လွင့်ပျံလာပြီး မီးဖိုခန်းပြတင်းပေါက်ကို လာရောက်ထိမှန်လေ၏။ ဘယ်ကလွင့်လာတာလဲဆိုတာစူးစမ်းဖို့ လီမုခေါင်းလှည့်လိုက်တော့၊‌ ရေချိုးခန်းရဲ့ခန်းစီးစနောက်ကနေ ခေါင်းပြူပြီးလက်ယမ်းပြနေသည့် နဉ်ယိုးကိုတွေ့လိုက်ရသည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now