ထိန်းမရအောင်ယောက်ယပ်ခတ်နေ
စူပါမားကတ်မှ ငွေရှင်းပြီးထွက်လာသည်နှင့် နဉ်ယိုး လမ်းမကြီးမှာသူတစ်ယောက်တည်းလျှောက်လာခဲ့သည်မှာ လီမုသူ့နောက်ကပါလာမှန်းကို ဂရုမထားနေသည့်အလားပင်။
ယခုရောက်ရှိနေတာက သူနှင့်မရင်းနှီးသည့်နေရာတစ်ခုဖြစ်ပြီး လီမု၏လမ်းညွှန်မှုသာမပါလျှင် သူဘယ်မှမသွားတတ်သော်လည်း၊အခုလတ်တလောတော့ မြင်းရှိသည့်မူလတန်းကျောင်းဆီပြန်သွားရမည်ဆိုတာတော့သူသိပါသေးသည်။ လီမု၏အကူအညီမျိုးမလိုအပ်သေး။
လီမုကိုသာရှေ့ကသွားခိုင်းပါက သူ့ဘာသာလမ်းရှာနေစရာမလိုသော်လည်း၊ လီမု သူ့ကိုခေါ်တဲ့အသုံးအနှုန်းကို မကျေနပ်ကြောင်းပြသည့်အနေနှင့် ကျောပေးပြီးရှေ့ကလျှောက်နေဖြစ်သည်။
နဉ်ယိုး၏ အနောက်ကလီမုကလည်း သခင်မလေးကသူ့ကိုစိတ်ဆိုးနေမှန်းသိတာကြောင့် ရှေ့တက်လာပြီးမနှောက်ယှက်ပေ။
လမ်းမကြီးပေါ်မှာ နှစ်ယောက်သားရှေ့ဆင့်နောက်ဆင့်လျှောက်နေရင်း ဘယ်သူကမှလည်းစကားစမပြောကြ။
မိနစ်အနည်းငယ်အကြာမှာတော့ လီမုကြိုတွေူထားခဲ့သလိုမျိုး နဉ်ယိုးက ကွေ့ရမည့်လမ်းကိုကျော်သွားပါတော့သည်။
"ဒီဘက်"
လီမုကလမ်းဆုံမှာရပ်ရင်း စိတ်ဆိုးနေသည့်နဉ်ယိုးကိုလှမ်းခေါ်လိုက်သည်။
လမ်းမှားသွားပြီးမျက်နှာပျက်စရာဖြစ်သွားခဲ့သော်လည်း နဉ်ယိုးကတော့ခပ်တည်တည်ပင်၊ သူကသိက္ခာကြီးမားသည့်ဟန်ပန်မျိုးနှင့် "သေချာလား" ဟုပင်ပြန်မေးလိုက်သေးသည်။
ထို့နောက်လီမု၏အဖြေကိုပင်မစောင့်တော့ဘဲ ပြန်ကွေ့လာကာ လီမုညွှန်ပြသည့်ဘက်သို့လျှောက်သွားပြီး ဆက်သွားလေတော့သည်။
သူ့ကျောဘက်မှာတော့ ရယ်သံတိုးဖွဖွရှိနေခဲ့သည်။
"တောထဲမှာမင်းဘာလို့လမ်ပျောက်တယ်ဆိုတာငါသိပြီထင်တာပဲ"
ဟားရစ်ကိုချည်ထားသည့်နေရာသို့ပြန်ရောက်ချိန်တွင် မူလတန်းကျောင်းမှကလေးများက စာသင်ချိန်ပင်စနေလေပြီဖြစ်ပြီး ကျယ်လောင်သည့်စာအံသံများက စာသင်ခန်းထဲပဲ့တင်ရိုက်နေသည်။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...