33

4.7K 741 17
                                    

ပြုစားခံရပြီ

တစ်ညလုံး ကုန်လွန်သွားပြီး ရှောင်ကျောက်မှလွဲ၍ နဉ်ယိုးကို ဘယ်သူမှမဆက်သွယ်ခဲ့ပေ။

လီကျောင်းထံသို့လည်းဖုန်းခေါ်ခဲ့ပေမယ့် မကိုင်၊ voicemail ချန်ခဲ့ရန်သာပြောနေခဲ့သည်။ အိမ်ဖုန်းကိုသာ ဆက်လိုက်ပြီးနောက် နောက်ရက်ကျရင်အသေးစိတ်ဆွေးနွေးဖို့အတွက် ဗီလာကိုလာဖို့ပြောလိုက်၏။

နဉ်ယိုးအဆက်သွယ်ချင်ဆုံးဖြစ်သည့်သူကတော့ ဒီလိုကိစ္စကြီးဖြစ်သွားတာတောင် ဘာသတင်းမှမကြားရသေးပါချေ။

သူ လီမုရဲ့ဖုန်းနံပါတ်ကိုခေါ်ဖို့ အကြိမ်ကြိမ်လုပ်ခဲ့ပြီး၊ အကြိမ်တိုင်းမှာလဲ မခေါ်ဖြစ်ခဲ့။ ထိုသူဘက်ကနေ ဘယ်အချိန်မှဆက်သွယ်လာမလဲဆိုတာ စောင့်ကြည့်ချင်မိသည်။

နောက်တစ်ရက်မနက်မှာတော့ နဉ်ယိုး ကုမ္ပဏီသို့မသွားဘဲ သူ့မိဘတွေရဲ့ဗီလာဆီသွားလိုက်သည်။

ကားဂိုထောင်ထဲမှာက သူရင်းနှီးနေသည့် Roll Royce ကားကရပ်ထားသည်။ လီ‌ကျောင်း၏ကားပင်။ လီကျောင်းသာမက၊ လီကျောင်းရဲ့မိဘတွေပါရောက်နေတာကိုတော့ သူအံ့ဩသွားမိသည်။

"နဉ်ယိုး"

နဉ်ရှင်းက သူ့ကိုလှမ်းခေါ်၏။

"ဒီလာပြီး မင်းဦးလေးနဲ့အန်တီကိုနှုတ်ဆက်လိုက်အုံး"

ဧည့်ခန်းထဲမှာက မီးခိုးရင့်ရောင်ဆိုဖာရှည်နှစ်ခုကို မျက်နှာချင်းဆိုင်ချထားပြီး တစ်ဖက်မှာက နဉ်ယိုးရဲ့မိဘတွေထိုင်နေပြီး‌၊ တစ်ဖက်မှာက လီကျောင်းနှင့်သူ့မိဘတွေထိုင်နေကြသည်။

လီကျောင်းရဲ့မိဘတွေကို နဉ်ယိုးမြင်ဖူးပါသည်၊ သူတို့က နဉ်ယိုးရဲ့မိဘတွေထက် အနည်းငယ်ပိုဝသည်ပင်။ တာဝန်ယူစရာကိစ္စတွေကို သားကြီးနှင့်လွှဲထားပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးနေကြတာကြောင့်ဖြစ်မည်။

"ဦးလေးနဲ့ အန်တီ မင်္ဂလာပါ"

နဉ်ယိုး လူကြီးနှစ်ယောက်ကိုနှုတ်ဆက်လိုက်ပြီးတော့ သူ့မိဘတွေရဲ့ဘေးမှာဝင်ထိုင်လိုက်သည်။

မျက်နှာချင်းဆိုင်မှ လီကျောင်းထံလှမ်းကြည့်လိုက်တော့ ထိုသူက အနည်းငယ်မျှပင်စိတ်လှုပ်ရှားနေဟန်မပေါ်ပါချေ။ သူနှင့်အကြည့်ချင်းဆုံသည့်အခါ ခေါင်းညိတ်ပြီးပြုံးပြလာသည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now