11

4.8K 806 36
                                    

နတ်မိမယ်လေးဘောင်းဘီလျှောကျ

ရွေးချယ်စရာနှစ်ခုစလုံးက အဆင်မပြေနေသည့်အခါ နဉ်ယိုး တွေးမိသွားသည်ပင်။

ဘောင်းဘီဝတ်ထားလိုက်ရင် ရတာပဲ...။

သူ့ရဲ့အတွင်းခံဘောင်းဘီက မလျှော်ရသေးတာကြောင့် ထားလိုက်ပြီး၊ ခုနက လီမုရဲ့ဘောင်းဘီကိုသူပြန်ဝတ်လိုက်သည်။

ထို့နောက်သူကသွားတိုက်ကာ၊ Dabao လိမ်းလိုက်ပြီး ဧည့်ခန်းထဲကစားပွဲပုလေးပေါ်မှာ သူ့မုန့်ထုပ်တွေကိုတင်ထားလိုက်သည်။ ဘောင်းဘီချောင်ချောင်ကြီးဝတ်ထားရင်း သွားလာနေရတာက အနည်းငယ်တော့ကိစ္စရှိလေ၏။

ဘယ်လိုပဲဖြစ်ဖြစ်၊ အစည်းအဝေးအတွင်းမှာ သူထရပ်စရာလည်းမလိုတဲ့အပြင် လီမုကလည်းအစည်းအဝေးပြီးမှပြန်လာလောက်တာကြောင့် သူ့အနေနဲ့အရှက်စရာအခြေအနေတွေကို ရှောင်ရှားလို့ရသည်။

အစည်းအဝေးအတွက်ပြင်ဆင်လို့အပြီးမှာတော့ နဉ်ယိုးရဲ့ပုံရိပ်က ဖုန်းမျက်နှာပြင်မှာပေါ်လာခဲ့၏။

လည်ပင်းအဝိုင်းနှင့်တီရှပ်အနက်က သူ့ညှပ်ရိုးနားတဝိုက်ထိရောက်နေလေပြီး၊ ထိုကျယ်ကျယ်ပြန့်ပြန့်မြင်နေရသည့်ပခုံးကြောင့် သူ့မျက်နှာလေးကပိုပြီးသေးငယ်သည့်ဟန်ပေါ်နေကာ သိမ်မွေ့သည့်ပုံစံလေးဖြစ်နေခဲ့သည်။ ရေချိုးပြီးကာစဖြစ်၍ အသားအရည်ကလည်း‌ချောမွတ်နေကာ၊ အလုပ်မှာကဲ့သို့ စည်းကမ်းတင်းကြပ်သည့်ပုံပေါ်နေဘဲ နူးညံ့သည့်အသွင်အပြင်မျိုးဖြစ်နေခဲ့သည်။

[ရှောင်ကျောက် : ခေါင်းဆောင်နဉ်၊ ရှင် နွားကျောင်းသားအိမ်မှာနေနေတာလား]

လက်ထောက်ရှောင်ကျောက်က သီးသန့်chat box မှ စာပို့လာလေ၏။

[နဉ်ယိုး : သစ်တောကင်းထောက်ပါ၊ သူအခုအိမ်မှာမရှိဘူး]

နဉ်ယိုးက ဖန်ခွက်ကိုလှမ်းယူလိုက်ပြီး ခွက်ထဲထည့်ထားသည့် မုယောဖျော်ရည်‌ကိုတစ်ငုံသောက်လိုက်သည်။

[ရှောင်ကျောက် : သစ်တောကင်းထောက်တွေက ‌ဘဝကိုစည်းစိမ်အပြည့်နဲ့ဖြတ်သန်းနေကြတာလား]

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now