မြင်းစီးသူရဲကောင်း
တောင်ပေါ်ကသစ်လုံးအိမ်ထဲပြန်ရောက်တော့ လီမုရဲ့ဖဲပန်းပွင့်အနီရောင်ကြီးကို နဉ်ယိုး နံရံမှာချိတ်ဆွဲထားပေးလိုက်သည်။
အိမ်ထဲမှာက ခေတ်မှီအသုံးအဆောင်တွေနဲ့ပြည့်နေပြီး ထိုဖဲပန်းပွင့်ကသာကွဲထွက်နေခဲ့သည်။ တစ်ချက်ကြည့်လိုက်လျှင် ခမ်းနားစွာပြင်ဆင်ထားသည့်အခန်းထဲ၌ ကလေးဆုလေးက ရှိနေသလိုပါပင်။
(披红戴花 - ပိုးသားပန်းပွင့်၊ ဖဲပန်းပွင့်။
မင်္ဂလာရှိတဲ့ကိစ္စတွေကိုဂုဏ်ပြုဖို့သုံးတာမျိုးပါ၊ အဝတ်စကိုပန်းပွင့်လိုထုံးထားတာမျိုးပေါ့၊ မြင်အောင်ပြောရရင် တရုတ်မင်္ဂလာဆောင်မှာ သတို့သားရင်ဘတ်ကဟာမျိုးကြီး )လီမု နဉ်ယိုးလုပ်နေတာကိုကြည့်ရင်း ရယ်ချင်မိသည်။ သူနဉ်ယိုးကို အသက်ငယ်တယ်ထင်တာလည်းထင်လောက်စရာ၊ ထိုမင်းသမီးလေးက တခါတရံဆို လူကြီးလို့ပင်မထင်ရချေ။
သူကအရာရာတိုင်းကိုစိတ်ဝင်စားပြီး စမ်းလုပ်ကြည့်ချင်နေတတ်သည်ပင်။ မြို့ပေါ်မှ သူ့ရဲ့မူလပတ်ဝန်းကျင်ကိုပြန်ရောက်သွားရင်လည်း ဒီလိုပဲလားဆိုတာတော့ ဘယ်သူမှမသိနိုင်ပေ။
တခြားကိစ္စရှုပ်ရှုပ်ထွေးထွေးတွေမစဉ်းစားတော့ဘဲ လီမု နဉ်ယိုးရဲ့28လက်မခရီးဆောင်အိတ်ကြီးကို ဧည့်ခန်းထဲသယ်လာခဲ့လိုက်သည်။
"ပစ္စည်းတွေနေရာချဖို့ကူညီပေးရမလား"
"ရတယ်၊ ကိုယ့်ဘာသာလုပ်လိုက်မယ်"
နဉ်ယိုး ဖဲပန်းပွင့်အနီကြီးကို နောက်ဆုံးအနေနဲ့ကျေကျေနပ်နပ်ကြည့်လိုက်ပြီးတော့၊ ခရီးဆောင်အိတ်ဘေးမှာဒူးတစ်ဝက်ထောက်ထိုင်လိုက်ပြီး အိတ်ထဲကပစ္စည်းတွေကိုဆွဲထုတ်လိုက်သည်။
ဆင်တူစုံတွဲညဝတ်အင်္ကျီလေးကို သူကအိပ်ယာပေါ်တင်လိုက်ရင်းပြော၏။
"အနက်ရောင်ကမင်းဟာ၊ အဖြူရောင်ကငါ့ဟာ"
လီမုက အနက်ရောင်တစ်စုံကိုကောက်ယူလိုက်ပြီး သူ့ကိုယ်မှာကပ်ကြည့်လိုက်သည်။ ဆိုဇ်က ကွက်တိပင်။
![](https://img.wattpad.com/cover/358506874-288-k970892.jpg)
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...