အပြည့်ဖြည့်နိုင်
လီမု၌ စစ်ဆေးရမည့်စာရွက်စာတမ်းတွေ အများကြီးကျန်သေးသည်။ သူက လီကျောင်းထိုင်နေခဲ့သည့် အလုပ်စားပွဲမှဆုံလည်ထိုင်ခုံတွင် သွားထိုင်လိုက်ကာ ပေါင်ကိုပုတ်ရင်းပြောလာခဲ့၏။
"လာထိုင်မလား"
"သိပ်မသင့်တော်ဘူးလားလို့နော်"
နဉ်ယိုးက ပါးစပ်ကသာပြောနေပေမယ့် လူကိုယ်တိုင်ကတော့ လီမုရဲ့ပေါင်ပေါ်မှာလာထိုင်၏။ သက်တောင့်သက်သာဖြစ်အောင် ချိန်ညှိလိုက်ပြီးကာမှ သူဆက်ပြောသည်။
"ဒါက လီကျောင်းရဲ့ရုံးခန်းမဟုတ်ဘူးလား"
"သူအလုပ်ထွက်သွားပြီလေ၊ အခု ကိုယ့်အပိုင်ဖြစ်သွားပြီ"
လီမုရဲ့ဘယ်ဘက်လက်က နဉ်ယိုးရဲ့ခါးကိုဖက်ထားခဲ့ပြီး၊ ညာဘက်လက်ကတော့ စစ်ဆေးဖို့ကျန်နေသေးသည့် ဘဏ္ဍာရေးစာတမ်းတွေကို လှန်လှောကြည့်နေခဲ့သည်။
"စက်ရုံကပတ်ဝန်းကျင်ကိုညစ်ညမ်းအောင်လုပ်တဲ့ပြဿနာကို မင်း ပိုက်ဆံဘယ်လောက်စိုက်ထုတ်ပြီးဖြေရှင်းမှာလဲ"
နဉ်ယိုးက လီမုရဲ့လည်ပင်းနဲ့ပုခုံးကြားမှာခေါင်းမှီထားပြီး တစ်ဖက်လူစာတမ်းဖတ်ရအဆင်ပြေအောင် ကိုယ်ကိုယို့ပေးထားလိုက်သည်။
"ဘယ်လောက်ကုန်မလဲတော့ မသေချာသေးဘူး၊ သေချာတာက အကုန်ရှင်းအောင် ဖြေရှင်းရမယ်ဆိုတာပဲ... ကိုယ့်အစ်ကိုက ဒီပြဿနာတွေကိုဖုံးဖို့ ပိုက်ဆံသုံးတယ်လို့ ကိုယ်ပြောဖူးတာမှတ်မိလား"
နဉ်ယိုးခေါင်းညိတ်ပြလိုက်တော့ သူ့ဆံပင်အိအိလေးက လီမုရဲ့နားရွက်ဖျားကို သွားထိနေသည်။
"အထက်ကိုပေးရတဲ့ပိုက်ဆံတင်ကုန်တာမဟုတ်ဘူး၊ အောက်ကိုပိတ်ရတဲ့ပိုက်ဆံလည်းကုန်သေးတယ်... ဒီတော့ အစ်ကိုတွေးတာက ဒီအတိုင်းသာဆက်သွားနေရင် မဖြစ်ဘူးဆိုပြီး ဖုံးမနေတော့ဘဲ ဒဏ်ကြေးဆောင်လိုက်တာက အသင့်တော်ဆုံးလို့ ဆုံးဖြတ်လိုက်တာ။ဒီနည်းနဲ့ သူခေါင်းခံလိုက်ရင် အရင်လူတွေလုပ်ခဲ့သမျှကိစ္စတွေကလည်း သူနဲ့တင်ရပ်သွားမှာလေ..."
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...