သူပြန်လာပြီ
အကျိုးအမြတ်ကြီးကြီးရမယ့်ပရောဂျက်ကို လမ်းတဝက်မှာ သဘာဝပတ်ဝန်းကျင်အတွက်အထောက်အကူဖြစ်စေမည့်ပရောဂျက်အဖြစ်ပြောင်းလဲမည့်အပေါ် လူတိုင်းကသဘောတူနေတာမျိုးတော့ မဟုတ်ပါချေ။
အစည်းအဝေးရဲ့ပထမတစ်ဖြတ်မှာတင် နည်းပညာဆိုင်ရာပညာရှင်တွေက ဒီကိစ္စကစွမ်းအားဖြုန်းတီးရာရောက်သည်ဟုဆိုကာ ပြင်းပြင်းထန်ထန်ကန့်ကွက်လာကြသည်။
ဒါပေမယ့် နဉ်ယိုးကတော့ဖြစ်နိုင်ချေတွေတွေးထားပြီး ကန့်ကွက်စကားတွေကိုတုံ့ပြန်ဖို့စဉ်းစားထားပြီးသားပင်။ နည်းပညာရှင်တွေစိုးရိမ်နေသည်က ဒီပရောဂျက်က EUV ပုံရိုက်စက်ကလူတွေကို အာရုံစိုက်အောင်လုပ်နိုင်ပါ့မလားဆိုတာပင်ဖြစ်သည်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ လူ့အကျိုးအမြတ်နှင့် နိုင်ငံရေးကိစ္စမျိုးမပါတော့သည်ကြောင့်၊ သဘာဝပတ်ဝန်းကျင်အတွက်ဟု မျက်ရည်ခံထိုးပြီး ထို EUV ပညာရှင်တွေရဲ့အာရုံကိုဆွဲယူနိုင်မည်ဟု နဉ်ယိုးယုံသည်။
နေ့လည်ခင်းရောက်ချိန်မှသာ ပရောဂျက်အသစ်ရဲ့အသေးစိတ်အချက်အလက်တွေရှင်းလင်းတာပြီးသွားပြီးတော့ နဉ်ယိုးမှာလည်း ရှိသမျှအားအင်တွေကုန်သွားသလိုပင်။
နေ့တစ်ဝက်ခွင့်ယူပြီး နေ့လည်စာစားကာနားဖို့ကြံလိုက်ပေမယ့် လီကျောင်းထံမှ ဖုန်းဝင်လာခဲ့သည်။ မင်္ဂလာပွဲအတွက်လက်ဝတ်ရတနာတာဝန်ယူထားသည့် ပညာရှင်နှင့်ချိန်းဆိုလို့ရခဲ့ပြီဖြစ်တာကြောင့် မတိုင်မှီမှာ လက်ထပ်လက်စွပ်ဒီဇိုင်းပုံစံကို ဆွေးနွေးချင်လားဟုမေးလာခြင်းပင်။
ထိုပညာရှင်နှင့် ဤမျှမြန်မြန်ချိန်းဆိုနိုင်ခဲ့သည်မှာ နဉ်ရှင်း၏နာမည်ကြောင့်ဖြစ်သည်ပင်။ သူတို့ဘာသာချိန်းမည်ဆိုလျှင် အနည်းဆုံး နှစ်ဝက်လောက်တော့ကြာမည်ဖြစ်သည်။
ဒါ့ကြောင့် နဉ်ယိုးသွားချင်စိတ်မရှိပေမယ့်လည်း၊ အိမ်ပြန်ပြီးအိပ်မယ့်အစီအစဉ်ကိုဖျက်ကာ လီကျောင်းကိုလာခေါ်ခိုင်းလိုက်တော့သည်။
"ကောင်းကောင်းမအိပ်ခဲ့ရဘူးလား"
လီကျောင်းရဲ့ Roll Royce ကားနောက်ခန်းထဲဝင်ကာထိုင်လိုက်တော့ လီကျောင်းကမေးလာ၏။ ကြည့်လိုက်တာနှင့် သူတစ်ခုခုဖြစ်နေကြောင်း သိသွားသလိုပင်။
![](https://img.wattpad.com/cover/358506874-288-k970892.jpg)
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...