25

5.4K 809 50
                                    

စဉ်းစား စဉ်းစား

လေယာဉ်က မီတာတစ်သောင်းအမြင့်မှာပျံသန်းနေပြီး၊ တိမ်တွေကို၎င်း၏နောက်တွက် အတန်းလိုက်ချန်ထားခဲ့သည်။

တခြားဒေသများနှင့်မတူသည်က ဟန်းနက်စ်ရဲ့ကောင်းကင်က ကြည်လင်ပြီး လေယာဉ်ပြတင်းမှတဆင့် Altai တောင်တန်းတွေကိုပင်မြင်ရနိုင်သည်။

နဉ်ယိုးလည်းပဲ လေယာဉ်ပြတင်းမှမြင်နေရသည့်ရှုခင်းထဲ၌ မြောနေခဲ့သည်။ ကပေါက်တိကပေါက်ချာကိစ္စတွေကို တဖြည်းဖြည်းအာရုံထဲမှဖယ်လိုက်နိုင်ပြီး စိတ်တည်ငြိမ်နေပြီဖြစ်သည်။

"နဉ်ယိုး"

ဘေးမှာထိုင်နေသည့်လီကျောင်းက နဉ်ယိုးရဲ့ပြေးလွှားနေတဲ့အတွေးတွေကို ဖမ်းဆုပ်လိုက်သည်။

"လေယာဉ်မယ်က မင်းဘာသောက်မလဲတဲ့"

"သစ်သီးဖျော်ရည်ပဲ ၊ ကျေးဇူးပါ"

လေယာဉ်မယ်လေးက တွန်းလှည်းကိုတွန်းပြီးပြန်လည်ထွက်ခွာသွားချိန်မှာ လီကျောင်းကလက်ထဲကကော်ဖီခွက်ကိုချလိုက်ရင်းပြောသည်။

"မင်းကိုကြည့်ရတာပင်ပန်းနေပုံပဲ"

‌နဉ်ယိုး သစ်သီးဖျော်ရည်လေးကိုသောက်လိုက်ရင်းနှင့် အကြည့်တွေကိုအောက်ချထားမိသည်။ စကားပြောချင်စိတ်ကို ဖန်တီးယူကသည်က တကယ်ကိုခက်ခဲသည်ပင်။ ဒါပေမယ့်လည်း ယဉ်ကျေးမှုအရ သူပြန်ပြောလိုက်သည်။

"ဒီရက်တွေမှာ ကောင်းကောင်းမအိပ်ခဲ့ရဘူး"

"ထင်ရပါတယ်.. တကယ်လို့အဲ့တာလီမုမှန်းသာသိခဲ့ရင် မင်းကိုဂရုစိုက်ပေးဖို့ ကိုယ်သူ့ကိုပြောခဲ့မှာ"

သူ့နှလုံးသားထဲကလူရဲ့နာမည်က စကားဝိုင်းထဲပါလာသည့်အခါမှာ နဉ်ယိုးရဲ့စကားစမြည်ပြောချင်စိတ်က ရေကာတာကရေလွှတ်လိုက်သလို အရှိန်နှင့်လွှင့်ထွက်သွားခဲ့ချေပြီ။

တကယ်တမ်းတော့ လီမုသူ့ကိုဂရုစိုက်ပေးခဲ့ပါသည်၊ ဒါပေမယ့် အဲ့လောက်ထိအကြောင်းအရာကို လီကျောင်းထံပြောပြဖို့က မသင့်တော်ပါပေ။

လီမုက သူတို့ကြားကကိစ္စကိုလီကျောင်းသတိထားမိသွားမှာ မလိုလားသည့်အလား၊ လီကျောင်းထံမှ သုံးယောက်သားညစာအတူစားဖို့ဖိတ်ခေါ်ခံရတာနှင့် တောင်ပေါ်ကိုကားပြန်မောင်းသွားတော့သည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now