မဟုတ်တာ
နောက်တစ်ရက်မနက်နိုးလာချိန်မှာတော့ နဉ်ယိုး သူ့စိတ်သူမနည်းပြန်စုစည်းလိုက်ရသည်။
ရင်းနှီးနေသည့် မျက်နှာကြက်၊ မရင်းနှီးသည့်အိပ်ယာနှင့် ရနံ့။ မှတ်ဉာဏ်တွေတဖြည်းဖြည်းပြန်ရောက်လာပြီးတဲ့နောက်မှာ ပြောမိခဲ့တဲ့စကားတွေကိုလည်း ပြန်သတိရလာသည်။
- မင်းရေချိုးနေတုန်းချောင်းကြည့်ချင်တယ်။
- မင်း ငါနဲ့အိပ်ချင်လား။
သူ့မှတ်ဉာဏ်တွေက တဖြည်းဖြည်းကြည်လင်လာပြီးနောက်မှာ ပိုပြီးပိုပြီးရှက်လာရ၏။ သူကခြေချောင်းလေးတွေကိုကုပ်ထားလိုက်ပြီး တစ်ကိုယ်လုံးကိုလည်း ငှက်ကုလားအုပ်လိုမျိုး စောင်နှင့်ထုပ်ထားလိုက်သည်။
"နိုးရင်လည်းထတော့"
လီမုအသံက မီးဖိုဘက်မှပျံ့လွင့်လာပြီး နဉ်ယိုးရဲ့ငှက်ကုလားအုတ်အခြေအနေကို ဖြိုခွင်းလိုက်သည်။ နဉ်ယိုး သူဒီနေ့ပဲပြန်ရတော့မှာဖြစ်ပြီး၊ လီမုအပြင် ဒုတိယတစ်ယောက်လည်း ဒါတွေကိုသိသူမရှိဟု သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။
ဒါပေမယ့် ပြန်ရမယ်ဆိုတာကိုတွေးမိပြန်တော့လည်း နဉ်ယိုး စိတ်မကျေမနပ်ဖြစ်ရပြန်သည်ပင်။ ရှက်စရာကောင်းတာမကောင်းတာတွေက အရေးမပါတော့။
လီကျောင်းထံမှ WeChat message လည်းဝင်ထားပြီး၊ မနက် ၁၀နာရီမတိုင်ခင် မြေပြိုတဲ့နားက ကွင်းပြင်ထဲရောက်အောင်လာဖို့ပြောထားသည့်စာပင်။ မြူကွဲတာနှင့် ရဟတ်ယာဉ်ပျံလာပြီး သူ့ကိုလာကြိုမည်ဟုရေးထား၏။
"ကောင်းပြီ" ဟု စာပြန်ပြီးတဲ့နောက်မှာ မီးဖိုခန်းထဲကစားပွဲရှိရာသို့ နဉ်ယိုးလာထိုင်လိုက်သည်။ ထို့နောက် စိတ်အခြေအနေမကောင်းနေသည့်အသံနှင့် လီမုအား လှမ်းပြောလိုက်သည်။
"ငါ့သူငယ်ချင်းက ၁၀ နာရီကျလာခေါ်မယ်တဲ့"
သူငယ်ချင်းဆိုတဲ့သူနှင့်စေ့စပ်ထားတာဖြစ်ကြောင်း ဝန်ခံထားပြီးဖြစ်သော်လည်း ထိုစကားလုံးကြီးကိုသုံးဖို့ကထူးဆန်းနေတာကြောင့် သူမသုံးချင်ပေ။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...