အားသုံး
ဒီတစ်ခါတော့ နဉ်ယိုးက လီမုကိုရွာထဲသွားမလည်ခိုင်းတော့ပေ။ သူကိုယ်တိုင်ခြိမ်းခြောက်တောင်းဆိုပြီး တောင်ခြေပို့ပေးရန်ခေါ်လာသည်ကြောင့်ဖြစ်လေ၏။
သန့်စင်ခန်းထဲကို အပြင်မှလေပြင်းကတစ်ချက်တစ်ချက်ဝင်လာတတ်သည်။ နဉ်ယိုး သိပ်မခြောက်သေးသည့်အားကစားဘောင်းဘီကို ဝတ်လာသည်ကြောင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းက အေးခဲတော့မတတ်ပင်။ သူ့ဖုန်းကိုထုတ်ကြည့်လိုက်တော့ ပြင်ပအပူချိန်က သုညအောက်ပင်ရောက်နေသည်ကိုသိလိုက်ရသည်။ နေ့လည်တုန်းက တစ်ဆယ်ဒီဂရီကျော်ရှိသော်လည်း ညဘက်တွင်ဤမျှအေးနေခြင်းမှာ တကယ်ကိုကွာခြားချက်ကြီးပေသည်။
ရာသီဥတုဖော်ပြသည့် app ထဲကထွက်လိုက်ပြီး WeChat ထဲဝင်လိုက်တော့ လီကျောင်းထံမှ စာတိုဝင်နေကြောင်းမြင်လိုက်ရ၏။ ဝမ်အန်း ဟုပြောထားတာပင်။
တောင်ပေါ်မှာ ဘာစိတ်ဝင်စားစရာမှမရှိတာကြောင့် နဉ်ယိုးလည်း လီမုနည်းတူအစောကြီးအိပ်သွားခဲ့ပြီး စာကိုမမြင်မိခဲ့။ အခုချိန်မှစာပြန်ဖို့ကလည်း ထူးဆန်းလွန်းတာကြောင့်၊ သူခဏမျှတွန့်ဆုတ်နေပြီးနောက်မှာ ဖုန်းပြန်ပိတ်လိုက်ပြီးအိတ်ထဲပြန်ထည့်ထားလိုက်တော့သည်။
ဗိုက်ထဲကအရာတွေကိုဖြေရှင်းပြီးနောက်မှာတော့ နဉ်ယိုး မိနစ်အနည်းငယ်မျှအချိန်ယူပြီး သူ့စိတ်သူပြန်တည်ဆောက်ရသည်။
တစ်ကြိမ်မွေးဖွားလာပြီး၊ နှစ်ကြိမ်မြောက်အရှက်ရပြီး၊ အခုဆို သူရဲ့အရှက်က တစစီဖြစ်သွားသလိုပင်ခံစားနေရသည်။ ဒါပေမယ့်... လီမုကဖြင့်လူကြမ်းကြီးပဲဟာကို၊ သူကဘာလို့လီမုသု့အပေါ်ထားတဲ့အမြင်ကိုဂရုစိုက်နေရမှာလဲ။
တောထဲမှာသေးပေါက်လိုက်ရတာပဲဖြစ်ဖြစ်၊ ညသန်းခေါင်ဝမ်းလျှောတာပဲဖြစ်ဖြစ် ဒီကိစ္စတွေကိုလီမုသာသိသည်။ ပြီးတော့ လီမုကလည်း သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူဟုတ်မနေတော့၊ သူ့ကိုပတ်ဝန်းကျင်မှာအရှက်ရအောင်တော့ လုပ်နိုင်မနေ။
ထိုသို့တွေးလိုက်ပြီးနောက်မှာ နဉ်ယိုး ခံစားချက်အတော်ပင်ကောင်းမွန်သွားသည်။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...