8

5K 805 21
                                    

ခံစားချက်မဆိုး

နောက်ဆုံးတော့ နဉ်ယိုးငြင်းဆန်မနေတော့ဘဲ လီမုနှင့်အတူ ခြံဝန်းထဲလိုက်ဝင်သွားခဲ့သည်။ ခေါင်းဆောင်လင်းက အိမ်တံခါးမကြီးကိုလာဖွင့်ပေးချိန်မှသာ သူဆွဲထားသည့် လီမု၏ အင်္ကျီလက်ကိုလွှတ်ပေးလိုက်၏။

နဉ်ယိုးကြိုတွေးထားသည်နှင့်မတူကွဲပြားစွာ၊ ခေါင်းဆောင်လင်းက ဒေသခံတိုင်းရင်းသား‌တွေနှင့်မတူပေ။ အသားအရည်က လီမုထက်ပိုညိုနေရုံမျှသာဖြစ်ပြီး၊ မျက်နှာ၏ပါးနှစ်ဖက်တွင်တော့ ရဲနေသည့်အကွက်လေးများရှိပြီး ကျန်တာကတော့ သာမန်လယ်သမားဦးလေးကြီးပုံစံသာ။

"ဝင်ခဲ့လေ"

ခပ်ဝဲဝဲစကားသံနှင့်အတူ ခေါင်းဆောင်လင်းက နှုတ်ဆက်သည်။

"မနက်စာစားခဲ့ပြီလား"

"စားခဲ့ပြီးပြီ၊ ဘာမှလုပ်မနေနဲ့အုံး"

လီမုက တံခါးအောက်မှ ကပမ်းကိုဖြတ်ကျော်လိုက်ပြီး အိမ်ထဲဝင်လိုက်သည်။

"မရီးရော"

"တမြန်နေ့ကပဲ သူ့မိဘအိမ်ပြန်သွားတယ်"

ခေါင်းဆောင်လင်းက ရေနွေးကြမ်းကရားကိုပြင်နေရင်းနှင့် နောက်မှပါလာသည့်နဉ်ယိုးကိုလှမ်းနှုတ်ဆက်သည်။

"မနေ့ကပျောက်သွားတာမင်းထင်တယ်၊ ဘယ်လိုဖြစ်ပြီး လမ်းပျောက်သွားတာတုန်း"

နဉ်ယိုး သူများအိမ်မှာအမှားလုပ်မိမှာကိုစိုးရိမ်နေပြီး ကပမ်းကိုဖြတ်ကျော်စဉ်ပင် လီမု၏ခြေလှမ်းကိုသေချာကြည့်မိခဲ့သည်။ လီမုက အိမ်ထဲသို့ဘယ်ဘက်ခြေထောက်နှင့်လှမ်းဝင်လိုက်တာကိုမြင်ရချိန်မှာ သူကညာဘက်ခြေထောက်နှင့်ရွယ်ထားပြီးဖြစ်နေတာကြောင့် ခြေလှမ်းပြန်ဆုတ်ကာ ဘယ်ခြေထောက်နှင့်ဝင်ခဲ့သည်။

အိမ်ထဲရောက်သည့်အခါမှာလည်း သူဂရုတစိုက်နှင့်လိုက်ကြည့်မိသည်။ အိမ်နံရံမှာက အမျိုးစုံလှသည့်တူရိယာများနှင့် ရိုးရာဝတ်စုံများကိုချိတ်ဆွဲထားသည်။ ခေါင်းဆောင်လင်း၏ နှုတ်ဆက်မေးခွန်းကိုကြားရချိန်မှာ နဉ်ယိုးကလီမုကိုလှမ်းကြည့်လိုက်လေပြီး၊ လီမုက ဝင်ဖြေပေးမည့်အစီအစဉ်မရှိကြောင်းတွေ့ရသည့်အခါ သူ့ဘာသာပြန်ဖြေလိုက်တော့သည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now