မင်းကမတူဘူး
တောအုပ်ထဲကထွက်လာပြီးသည့်နောက် မြင်ကွင်းကပြန့်လိုက်ဖြစ်သွားသည်။ မြက်ခင်းပြင်စိမ်းက တမျှော်တခေါ်ရှိနေပြီး စိမ်းပြာရောင်ဟန်းနက်စ်ရေကန်ကလည်း အဝေးတွင်မြင်နေရသည်။
ကျွဲနွားများကမြက်ခင်းပြင်ပေါ်တွင် ပျင်းရိပျင်းတွဲနှင့်နေပူဆာလုံနေကြပြီး၊ ရံဖန်ရံခါတွင်တော့ ကောင်းကင်တွင်ပျံသန်းသွားသည့် ငှက်အုပ်များကိုမြင်ရသည်။
"ခဏလောက်ရပ်ပြီး ဓာတ်ပုံရိုက်လို့ရလား" ဟု နဉ်ယိုးကမေးလိုက်သည်။
"မရဘူး"
ညှိနှိုင်း၍မရသည့်အသံက သူ့အနောက်ဘက်မှထွက်လာသည်။
"မှီအောင်သွားရမှာမို့"
မသိစိတ်မှတဆင့် နဉ်ယိုးသူ့လက်ကလက်ပတ်နာရီကိုကြည့်လိုက်သည်။ ကိုးနာရီပင်မရှိသေးချေ။
သူသိသလောက်ဆိုလျှင် ရှင်းကျန့်မှလူများကဆယ်နာရီအထိ အလုပ်မစကြ။ သစ်တောကင်းထောက်အလုပ်က ပိုပြီးအရေးပါ၍များလားဟုသူတွေးမိသည်။
မြင်းနက်ကြီးက တောင်ကုန်းကနေဆင်းသွားပြီး တိတ်ဆိတ်သည့်ရွာလေးနားရောက်လာသည်။
ရွာအဝင်ဝမှာက ကတ္တရာလမ်းတစ်ခုရှိပြီး ထိုလမ်းက view point ဘက်သွားသည်ဟုယူဆရသည်။ ထိုလမ်းနံဘေး၌ ရဲစခန်းငယ်တစ်ခုနှင့် မီးသတ်စခန်းတစ်ခုရှိသည်။ တကယ်ကိုပဲ တောင်အောက်ဆင်းလာလိုက်တာက အသင့်တော်ဆုံးရွေးချယ်မှုဟု နဉ်ယိုးခံစားရလေ၏။
"ငါ့ကိုဒီမှာစောင့်"
မြင်းနက်ကြီးက မူလတန်းကျောင်းတစ်ခုရှေ့တွင်ရပ်သွားသည်။ လီမုက မြင်းကိုကြိုးချည်ပြီး နွားနို့ပုံးတွေကိုယူကာ မူလတန်းကျောင်းထဲဝင်သွားသည်။
လီမုက နွားနို့တွေကိုသန့်စင်ဖို့တောင်အောက်ယူသွားမည်ဟုပြောခဲ့သည်။ မူလတန်းကျောင်းကိုယူလာမည်ဟုတော့ နဉ်ယိုးမထင်ခဲ့ပေ။ သူအထဲကိုကြည့်မိတော့ မူလတန်းကျောင်းကတကယ်ကိုသေးငယ်မှန်းသိလိုက်ရသည်။ ကျောင်းရဲ့ကစားကွင်းကလည်း သူတို့အိမ်ခြံဝန်းထဲက မြက်ခင်းပြင်လောက်ပင်မကျယ်ချေ။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...