အချိန်ပေးမယ်
သဘောကျရတဲ့သူကလည်းဘေးမှာရှိနေသည်၊ သစ်လုံးအိမ်လေးထဲမှာကလည်း နွေးထွေးလှသည်။ ဒီနေရာထက်ပိုပြီး သက်တောင့်သက်သာဖြစ်မည့်နေရာတော့ မရှိတော့ပါချေ။
နဉ်ယိုးက ကိုယ်ကိုလှိမ့်လိုက်ကာ လီမုရင်ဘတ်ပေါ်မှာအိပ်လိုက်ရင်းမေး၏။
"မင်းတကယ်ပြောတာလား"
လီမုရဲ့အမူအရာက အမှန်တကယ်ပြောနေခြင်းဆိုတာသိသာပေမယ့်လည်း သူအတည်ပြုချင်တာကြောင့်မေးလိုက်သည်။ ယင်းက အရေးကြီးသည့်မေးခွန်းဖြစ်တာကြောင့်ပင်။
လီမုက ခေါင်းအုံးအိပ်ထားတဲ့ခေါင်းအုံးကို အနည်းငယ်အပေါ်ဘက်တိုးလိုက်ပြီး နေရာပြင်လိုက်သည်။ ချက်ချင်းမဖြေသေးဘဲ လူကိုတွေးစရာများအောင်အချိန်ဆွဲနေလေ၏။
"ဟုတ်တယ်ဆိုရင်ရော"
၎င်းစကားကစိတ်ရင်းသာဆိုလျှင် နဉ်ယိုးအနေနဲ့လည်း ထိုကိစ္စအပေါ်အသေအချာတွေးရတော့မည်ဖြစ်သည်။
သူ့မိဘတွေက သူတောထဲကသစ်လုံးအိမ်မှာလာနေဖို့အတွက် လုံးဝခွင့်ပြုမှာမဟုတ်ပါချေ။ အကယ်၍များ သူသာဒီမှာနေဖို့ရွေးချယ်လိုက်မယ်ဆို ယင်းက သူတခြားအရာတွေအားလုံးကို လွှတ်ချထားခဲ့ရမည်ဆိုသည့်အဓိပ္ပါယ်ဖြစ်သည်။
သူ့အလုပ်ကိုစွန့်လွှတ်ရမည်ဖြစ်ကာ လက်ရှိပရောဂျက်ကိုလည်းတစ်ဝက်နှင့်ရပ်ထားခဲ့ရမည်ဖြစ်သည်။ သူ့ရဲ့နာမည်ဂုဏ်သတင်းကိုလည်း စွန့်လွှတ်ခဲ့ရမည်ဖြစ်ကာ ဘယ်သူ့ကမှသူ့ကို နဉ်မိသားစုရဲ့အငယ်ဆုံးမျိုးဆက်ဟု မှတ်မိကြတော့မည်မဟုတ်ပေ။ ရှယ်ယာပိုင်ဆိုင်မှုတွေကိုလည်းစွန့်လွှတ်ရမည်ဖြစ်ပြီး သူ့ကိုယ်ပေါ်မှာရှိတဲ့ တန်ဖိုးအကြီးဆုံးဖြစ်သည့် black card ကလည်း ရှယ်ယာတန်ဖိုးဆုံးရှုံးမှုကြောင့် အပိတ်ခံရနိုင်သည်။
သူ့မိသားစုက သု့ကိုအတ္တကြီးသည်ဟုပြောကြမှာဖြစ်ပြီး ကျန်သူတွေကတော့ ရူးမိုက်သည်ဟုပြောကြလောက်သည်။ လီကျောင်းတစ်ယောက်တည်းကသာ ဝိုင်အနီထည့်ထားသည့်ဖန်ခွက်ကိုကိုင်မြှောက်ပြရင်း "ထင်တာထက်သတ္တိရှိသားပဲ" ဟု ရွဲ့သလိုအသံမျိုးနှင့်ပြောလာလောက်သည်။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...