42

4.5K 650 50
                                    

နိဂုံး -1

နှင်းကျသည်က ညဘက်တွင် ပို၍ပို၍ပြင်းထန်လာသည်။ မနက်ခင်း‌တွင်တော့ ပြတင်းပေါက်မှန်တွေက နှင်းလွှာတစ်ထပ် ဖုံးထားခဲ့ပြီဖြစ်၏။

နဉ်ယိုးနဲ့လီမုက ခပ်ရိုးရိုးတီရှပ်တစ်ထည်သာဝတ်ထားပြီး၊ ထမင်းစားစားပွဲတွင် လပ်တော့ကြည့်နေခဲ့ကြသည်။ လပ်တော့မျက်နှာပြင်တွင်က ချိန်းထားသည့် သတင်းထောက်နှင့် မီဒီယာအင်တာဗျူးရှိသည်။

"ကြားတာတော့ နှစ်ယောက်သားက တောထဲမှာမတော်တဆတွေ့ခဲ့ကြတာဆို၊ စတွေ့ချိန်တုန်းက တစ်ယောက်ပေါ်တစ်ယောက်ရဲ့အမြင်က ဘယ်လိုမျိုးလဲဗျ"

နှုတ်ဆက်စကားတွေပြောပြီးကြတော့၊ သတင်းထောက်က ကြိုပေးထားတဲ့မေးခွန်းဆွေအတိုင်း မေးလာခဲ့သည်။

နဉ်ယိုး ဘေးဘက်ကလူကိုကြည့်လိုက်သည်။ ဒီနေ့အင်တာဗျူးရှိပါကြောင်းသိနေရဲ့သားနဲ့တောင် ဒီဦးလေးကြီးက မုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးတွေကို မရိတ်သင်ခဲ့ပေ။ မျက်နှာပေါ်၌ စိမ်းဖန့်နေသည့် အမွှေးငုတ်စိလေးများရှိနေခဲ့သည်။

တဖက်မှာတော့ နဉ်ယိုးက သူ့ရဲ့ဆံပင်ပုံစံထိပါ အသေးစိတ်ကျကျပြင်ဆင်ထားခဲ့ပြီး လီမုနှင့်ကွဲထွက်နေခဲ့သည်။

"ယဉ်ကျေးမှုမရှိတဲ့ လူ့အရိုင်းစိုင်း"

နဉ်ယိုးက လီမုထံကနေအကြည့်ပြန်လွှဲပြီး သတင်းထောက်ထံပြောလိုက်သည်။

"လူတွေကို နည်းနည်းလေးမှ မကြင်နာတတ်ဘူး"

"တအားအလုပ်ရှုပ်တာ"

လီမုက နဉ်ယိုးကိုကြည့်ပြီးပြောလိုက်ခြင်းပင်။

"ဇီဇာကြောင်တာလည်းလွန်လို့"

"ဒါဆိုရင် တဖက်လူအပေါ်အမြင်ကို ဘယ်လိုလုပ်ပြီးပြောင်းလဲခဲ့တာလဲ"

နဉ်ယိုးကအရင်ဖြေလိုက်သည်။

"ဘာလို့ဆို သူ့ရဲ့စိတ်ဓာတ်နဲ့ တွေးခေါ်ပုံအပြင် သူဘာပဲလုပ်ပါစေ အလေးအနက်နဲ့လုပ်ကိုင်တတ်တာကြောင့်လေ၊ အဲ့တာက အတော်မိုက်တယ်လို့ကျွန်တော်ထင်တယ်"

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now