12

5K 838 44
                                    

သူနဲ့အတူတူပဲ

ကလေးဘဝကနေကြီးလာသည်အထိ နဉ်ယိုးတစ်ယောက်ဘောင်းဘီအတွက်နှင့် ဤမျှဒုက္ခမရောက်ဖူးပေ။ နေရာဒေသပြောင်းသွားရုံနှင့် ယခင်ကဘာမှအရေးမစိုက်မိခဲ့သည့်အလုပ်တစ်ခုက ယခု အရေးတကြီးကိစ္စရပ်ဖြစ်သွားရသည်။

ဘောင်းဘီရဲ့ချောင်နေတဲ့ကြိုးကို ကလစ်နှင့်ညှပ်ထားဖို့ သူမစဉ်းစားမိတာမဟုတ်ပေ။ သူလမ်းလျှောက်တဲ့အချိန်မှာဆွဲတဲ့အားကို အဝတ်ညှပ်ကလစ်ကမခံနိုင်သည်ကြောင့် မဖြစ်မြောက်ခဲ့ရခြင်းသာ။

ကြိုးတစ်ချောင်းရှာပြီးခါးမှာချည်ထားရန်လည်းစဉ်းစားမိပေမယ့်၊ ထိုနည်းလမ်းက ပုံမလာလွန်းတာကြောင့် ခေါင်းထဲပေါ်လာတာနဲ့ချက်ချင်း သူမေ့ဖျောက်လိုက်ရသည်။

နောက်ဆုံးတော့ သူလီမုရဲ့အကြံဉာဏ်ကိုလက်ခံပြီး ရှပ်အင်္ကျီတစ်ထည်တည်းကိုသာဝတ်ထား‌လိုက်ပေမယ့်လည်း ဒွိဟဖြစ်စရာလေထုအခြေအနေကြောင့် လီမုကသူ့ကိုဘောင်းဘီဝတ်ခိုင်းပြန်သည်။ နောက်ဆုံးတော့ နဉ်ယိုး စိတ်မရှည်ဖြစ်လာရ၏။

လွှတ်ထားပေးလို့မရဘူးလားကွာ။

"ဒီလိုဆိုရပြီလား"

နဉ်ယိုးက မူလကတီရှပ်အနက်ရောင်ကိုပြန်ဝတ်ထားလိုက်ပြီး ခါးမှာတော့ ရှပ်အင်္ကျီအကွက်ကြီးကို စကတ်ပုံစံချည်ထားလိုက်သည်။

အမှန်တော့ လူသားတွေမှာ သူတို့ကိုယ်သူတို့ကာဖို့အတွက် နည်းလမ်းများစွာရှိပေသည်။ နဉ်ယိုးအတွက် အခုကပထမဆုံးအကြိမ်အဖြစ်ကြုံတွေ့ရတာဖြစ်ပြီး သု့ရဲ့ကြွယ်ဝတဲ့ဗီဇကကန့်သတ်ထားခဲ့သည်ကြောင့်သာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တာပင်။ ထပ်ခါထပ်ခါအခက်ကြုံရပြီးနောက်မှာတော့ သူအဖြေရှာတွေ့သွားခဲ့သည်။

လီမု နဉ်ယိုးကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ရှပ်အင်္ကျီအကြီးကြီးအောက်က သွယ်လျတဲ့ခြေသလုံသားတွေက မဆူံနိုင်တဲ့အိမ်မက်ရိုင်းတွေကို တွေးစေနိုင်တယ်ဆိုသော်လည်း မတိုင်မှီက "အခမဲ့လက်ဆောင်" ထက်တော့ ပိုကောင်းသည်။

"ရပြီ"

လီမုက ခေါင်းပြန်လှည့်ကာ ခွာလက်စအာလူးတွေကိုအာရုံစိုက်လိုက်သည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now