23

5.5K 796 48
                                    

ရှာလကာရည်မစားဘူး

လီမုက တစ်နေ့လုံးအလုပ်မသွားချေ။

အကြောင်းမှာတော့ သူ့အိပ်ယာထဲကငန်းဖြူလေးက နူးညံ့လွန်းပြီးလူကပ်လွန်းနေခဲ့တာကြောင့်ပင်။  မြင်းစီးသင်ပေးရုံနှင့်တင် စိတ်မကျေနပ်သေးတာကြောင့် နွားနို့ညှစ်တဲ့အခါ အားသုံးတာကောင်းလား၊မကောင်းဘူးလားဆိုတာကိုပါ သင်ပြပေးခဲ့ရသေးသည်။

"မင်းပြောတာမှန်တယ် ... ငါနွားနို့ညှစ်တဲ့အခါ အားသုံးတာပိုကောင်းတယ်"

ငန်းဖြူလေးပြောလာသည့်အရိပ်အမြွက်ကို လီမုသဘောပေါက်တာကြောင့် တဖက်လူအလိုကျ သူ့ရဲ့ပါးစပ်မှာအားထည့်လိုက်ပြီး ပြင်းပြင်းစုပ်လိုက်သည်။

သစ်လုံးအိမ်ထဲမှာက မိုးကာအင်္ကျီမရှိတာကြောင့် သားရဲကြီးက ကိုယ်ဗလာနှင့်သာ ဝင်လိုက်ထွက်လိုက်လုပ်ရင်း လျှောက်သွားနေသည်။ လီမုက သူ့စကားသူတည်ခဲ့ပြီး၊ နဉ်ယိုးကို အတွင်းရောအပြင်ပါညစ်ပတ်အောင်လုပ်ခဲ့သည်ပင်။

ပထမဆုံး မြင်းစီးခြင်းမှာတော့ နဉ်ယိုးခံနိုင်သေးသည်။ ဒုတိယ ကားတွန်းတဲ့အချိန်မှာတော့ နဉ်ယိုးတစ်ကိုယ်လုံးကပ်စေးကပ်စေးဖြစ်နေပြီး သည်းမခံနိုင်တော့ပေ။ တတိယ တိုင်ကိုမြေကြီးထဲရိုက်သွင်းတဲ့စက်နဲ့ကြုံရချိန်မှာတော့ နဉ်ယိုးမခံနိုင်တော့ချေ၊ သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲမှထွက်သွားသလိုပင်ခံစားနေရ၏။

"ငါရေချိုးချင်တယ် လီမု"

နဉ်ယိုးက နီရဲနေသည့်မျက်လုံးများနှင့်ပြောသည်။

"တစ်ကိုယ်လုံး ညစ်ပတ်နေပြီ"

အဆုံးမှာ လီမုက နဉ်ယိုးကိုအလိုလိုက်ကာ ရေချိုးခန်းဆီသယ်သွားပေးခဲ့ပြီး... ဆက်အနိုင်ကျင့်လေသည်။

လေ့ကျင့်ခန်းအကြာကြီးလုပ်လိုက်ရသည်က နှစ်ယောက်လုံးကို ခွန်အားအတော်ကုန်သွားစေခဲ့သည်။ သို့သော်လည်း လီမုမှာတော့ နဉ်ယိုးကို‌ ရေချိုးခန်းကနေပြန်သယ်ဖို့ခွန်အားရှိနေဆဲဖြစ်ကာ၊ ထိုငန်းဖြူလေးမှာတော့ လက်တစ်ချောင်းပင်မလှုပ်နိုင်တော့ချေ။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now