40

4.8K 611 11
                                    

ဇမရှိဘဲစိန်ခေါ်သင့်

ကျင်းမြို့က ကုမ္ပဏီဘက်မှာ နေ့လည်ခင်းနားချိန်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ရှောင်ကျောက်က လပ်တော့မှတဆင့် အွန်လိုင်းတွေ့ဆုံပွဲတစ်ခုကိုဖန်တီးလိုက်သည်။

နဉ်ရှင်းနဲ့ တခြားအကြီးပိုင်းနှစ်ယောက်က လပ်တော့မျက်နှာပြင်ပေါ်တွင်နေရာယူထားပြီး၊ နဉ်ယိုးတို့ဘက်မှာတော့ ကင်မရာရှေ့မှာ သုံးယောက်လုံးကနေရာယူထားပြီး တစ်ကွက်တည်းကိုမျှသုံးနေကြသည်။ ဘာကြောင့်ရယ်မှမဟုတ်၊ ဒီကပတ်ဝန်းကျင်က သိပ်အဆင်မပြေတာကြောင့်ပါပင်။

နဉ်ယိုးနဲ့လီမုက ကင်မရာနဲ့တည့်တည့်မှာထိုင်နေကြပြီး၊ ရှောင်ကျောက်ကတော့ တွေ့ဆုံပွဲကအကြောင်းအရာတွေကိုမှတ်သားရန်အတွက် မှတ်စုစာအုပ်တစ်အုပ်ကိုကိုင်ထားရင်း ထောင့်ကျကျနေရာတွင် ထိုင်နေခဲ့သည်။

သူတို့သုံးယောက်ရဲ့နောက်မှာကတော့ အဝါရောင်နံရံကြီးရှိပြီး ယင်းကအတော်မှ ခေတ်နောက်ကျသည့်အပြင်အဆင်မျိုးဖြစ်သည်။ သစ်တောဆိုင်ရာဌာနရုံးခန်းက တူဗာရွာရဲ့တစ်ခုတည်းသော အုတ်ခံ၊ကွန်ကရစ်အဆောက်အအုံဖြစ်ပေမယ့်လည်း နဉ်လုပ်ငန်းစုရဲ့ စမတ်ကျလှပသောရုံးခန်းများနှင့်တော့ ယှဉ်နိုင်စရာမရှိပါပေ။

"ပရောဂျက်ကို ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီးလုပ်ချင်တာသေချာရဲ့လား"

နဉ်ရှင်းကမေး၏။

"ရက်နည်းနည်းလောက်နေပြီးတော့ အခြေအနေဆိုးတယ်၊ နေရထိုင်ရမကောင်းဘူးဆိုပြီး ပြန်ပြေးလာဖို့တော့ သွားမနေနဲ့"

"အဲ့လိုမဖြစ်ပါဘူး"

နဉ်ယိုးက ဘေးဘက်ကလူကိုစောင်းငဲ့ကြည့်လိုက်သည်။

"လီမုက ကျွန်တော့်ကိုအဖော်ပြုပေးဖို့ ဒီမှာရှိနေမှာ"

လီမုသာဘေးမှာရှိရင် သူဘယ်မှာပဲဖြစ်ဖြစ် နေနိုင်ပါသည်။

သူ့စကားတွေကြားတဲ့အခါ လီမုက နဉ်ရှင်းကိုခေါင်းညိတ်ပြလိုက်ပါ၏။

"အန်တီ မင်္ဂလာပါ"

(T/N : ဒီနေရာမှာ လီမုသုံးလိုက်တာက 伯母 ဆိုတဲ့စကားလုံးနဲ့ပါ၊ သာမန် အားရီ ဆိုတာမဟုတ်ပါဘူး။ သားကိုလိုတော့ လူယဉ်ကျေးလုပ်နေရပြီ )

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now