သူ့ကိုလွမ်းတယ်
ရုံးခန်းတံခါးကို လာခေါက်သည့်အသံကြောင့် နဉ်ယိုး ဝင်ခဲ့ပါဟုပြောလိုက်ရင်း ကြည့်လက်စ Documentary ကိုဆက်ကြည့်နေလိုက်သည်။ "ခေါင်းဆောင်နဉ်" ဟူသည့်အသံနှင့် ရှောင်ကျောက်ကတံခါးကိုတွန်းဖွင့်ကာဝင်လာခဲ့သည်။ သူမကတစ်စုံတစ်ခုလှမ်းပြောဖို့ပြင်လိုက်ပေမယ့် နဉ်ယိုးကြည့်နေတဲ့ဟာကိုမြင်သွားတော့ ထုတ်မမေးဘဲမနေနိုင်ချေ။
"တိရိစ္ဆာန်လောကက ဒီလောက်ပဲစိတ်ဝင်စားဖို့ကောင်းလို့လား"
နဉ်ယိုးက ကြည့်လက်စကိုခဏရပ်ထားလိုက်ပြီး ရှောင်ကျောက်ထံအကူအညီတောင်းလိုက်သည်။
"တိရိစ္ဆာန်တွေအကြောင်းနားလည်တဲ့ပညာရှင်တစ်ယောက်လောက်ရှာပေးပါအုံး၊ မေးစရာလေးတွေရှိလို့"
ရှောင်ကျောက်က ဇဝေဇဝါနှင့်မေးသည်။
"ခေါင်းဆောင်နဉ် အိမ်မွေးတိရိစ္ဆာန်မွေးထားတာလား"
"မဟုတ်ပါဘူး၊ ရှာသာရှာပေးပါဗျာ"
ရှောင်ကျောက်က "OK" ဟု လက်ဟန်အမူအရာပြပြီး လှည့်ထွက်သွားဖို့ပြန်လိုက်သည်။ ထို့နောက်မှ သူမဘာလာလုပ်သည်ဆိုတာကို သတိရသွားဟန်နှင့် ပြန်လှည့်လာခဲ့သည်။
"ဒါနဲ့ ခေါင်းဆောင်နဉ်.. ဥက္ကဌလီရောက်နေတယ်"
"ဘယ်ဥက္ကဌလီလဲ"
နဉ်ယိုးကကွန်ပျူတာမျက်နှာပြင်ကိုကြည့်လိုက်ရင်း ပြန်မေးသည်။
"ရှင့်ခင်ပွန်းလောင်း" ဟု ရှောင်ကျောက်ကပြန်ဖြေ၏။
"သူကဘာလာလုပ်တာလဲ"
နဉ်ယိုး နည်းနည်းတော့အံ့ဩသွားသည်၊ အကြောင်းက လီကျောင်းသူ့ကုမ္ပဏီထိလာပြီး သူ့ကို လာမရှာဖူးတာကြောင့်ပင်။
ဒါပေမယ့်လည်း လီကျောင်းကသူ့ကိုလာရှာတာမဟုတ်တာကြောင့်၊ ချက်ချင်းပဲ သူ့ကိုယ်သူပေါက်ကရတွေးမိသွားမှန်းနားလည်လိုက်သည်။
"သူ ဒါရိုက်တာနဉ်ရဲ့ရုံးခန်းဆီသွားလိုက်တာ၊ သွားကြည့်ကြည့်ပါလား"
ရှောင်ကျောက်ကအကြံပေးသည်။
နဉ်ယိုး သိပ်တော့ထံစားချက်မကောင်းပေ။ ရှင်းကျန့်ကနေပြန်ရောက်တာ နှစ်ရက်ကြာသွားသည်အထိ၊ လက်ထပ်စာချုပ်အကြောင်း သူ့မိဘတွေနဲ့ဘယ်လိုဆွေးနွေးရမလဲဆိုတာ မသိခဲ့။ အခုတော့ လီကျောင်းဘက်မှခြေတစ်လှမ်းဦးသွားပြီထင်ပါသည်။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...