10

5.2K 783 37
                                    

မျိုးရိုင်းပစ္စည်း

ဒီဒေသကသန့်စင်ခန်းက အတော်ပြည့်ပြည့်စုံစုံရှိပြီး လက်သန့်စင်ဆေးရည်ပင်ထားပေးထားသည်။

လက်ကရေစက်တွေကိုသုတ်ရင်း နဉ်ယိုးအပြင်ထွက်လာတော့ လီမုကအပြင်မှာရှိမနေပေ။

သူထင်ခဲ့တာက လီမုတစ်ယောက်ဝတ်ကျေတန်းကျေသာ ရွာဘက်သို့သွားပြီး ခဏနှင့်ပြန်လာကာ သူထွက်လာချိန်တွင်သူ့ကိုစဖို့စောင့်နေမည်ဟု။ သို့ပေမယ့် လီမုကသူ့ကိုအချိန်အများကြီးပေးထားခဲ့လေသည်။ မိနစ်နှစ်ဆယ်ကြာသွားတာတောင်မှ ပြန်လာသေး။

ဒီတစ်ခါတော့ နဉ်ယိုးက လီမု‌ကိုစောင့်နေဖို့အတွက် ဟားရစ်ဘေးနားသို့သွားလိုက်သည်။ အနားသိပ်မကပ်ရဲသည်ကြောင့် ခပ်လှမ်းလှမ်းမှစောင့်နေခဲ့ပေမယ့်၊ ကြာတော့ပျင်းလာလေပြီး ဟားရစ်နားသို့ပိုတိုးသွားလိုက်ပြီး မြင်းကြီးရဲ့မျက်လုံးတွေကိုစူးစမ်းလိုက်သည်။

မြင်းနက်ကြီးရဲ့မျက်လုံးတွေထဲမှာ သူ့ကိုယ်သူပြန်မြင်နေရ၏။ မြင်းမျက်လုံးတွေက မှန်ဘီလူးခုံးလိုဖြစ်နေတာကြောင့် ရောင်ပြန်ဟပ်နေသည့် နဉ်ယိုးရဲ့မက်မွန်သီးလိုမျက်လုံးဝိုင်းတွေက နှစ်ဆအချဲ့ခံထားရပြီး ပုံပျက်နေတဲ့မှန်လိုဖြစ်နေသည်။

ထိုအခိုက်မှာပဲ တချိန်လုံးငြိမ်နေသည့်ဟားရစ်က နှာသံတစ်ချက်ပေးလာခဲ့သည်။ နဉ်ယိုးကိုအနားမကပ်ရန်‌ပြောနေချင်သည့်အလား။

နဉ်ယိုး သူ့ပုခုံးတွေကိုကြုံ့လိုက်မိရင်း သူ့မူလနေရာသို့ပြန်ဆုတ်လိုက်သည်။ ထိုစဉ် မြင်းစီးထားသည့်ရွာသားတစ်ဦးက သူတို့ဘေးမှဖြတ်သွားလေ၏။ ထိုမြင်းက လမ်းလျှောက်နေရင်းအညစ်အကြေးစွန့်သွားသည်ကိုမြင်လိုက်ရချိန်တွင်တော့ နဉ်ယိုးအံ့အားသင့်မှုနှင့်ဆွံ့အသွားရသည်။

သူကထိုမြင်းကိုကြည့်လိုက်ရင်း ဟားရစ်ကိုပြန်ကြည့်လိုက်ပြီး ရုတ်တရက်ကြီးဆိုသလို ဟားရစ်က ဒေသခံတွေ၏မြင်းနှင့်ကွာသည်ကိုသတိပြုမိလိုက်၏။ ပထမဆုံးအနေနှင့် ခန္ဓာကိုယ်အချိုးအစားကနေစပြောရလျှင်၊ ဟားရစ်ကအရပ်လည်းပိုမြင့်ကာ ခြေလက်များပိုတောင့်တင်းလေပြီး၊ ပုံကျလှပသည့်အမြီးရှိသည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now