မြေခွေးကဝေ
သစ်လုံးအိမ်ထဲက ခုတင်က 1.2မီတာခန့်သာကျယ်တာကြောင့် နဉ်ယိုးရဲ့အိမ်က 1.8မီတာအကျယ်ရှိသည့်ခုတင်လောက်တော့ သက်တောင့်သက်သာမဖြစ်ပေ။ ဒါပေမယ့်လည်း ထိုခုတင်ကျဉ်းကျဉ်းလေး၌ နှစ်ယောက်သားပူးကပ်ပြီး ချွေးထွက်လေ့ကျင့်ခန်းလုပ်ဖြစ်ခဲ့သေးသည်။ ကျဉ်းသည့်နေရာလေးတွေက စိတ်ကိုပိုလှုံ့ဆော်ပေးသည်ပဲလေ။
နဉ်ယိုးနိုးလာချိန်၌ သူတစ်ယောက်တည်းသာ ခုတင်ပေါ်ကျန်ခဲ့ကာ၊ လီမုကတော့ အစောကြီးကတည်းက အိပ်ယာကထသွားပြီဖြစ်သည်။
နဉ်ယိုး ခုတင်ပေါ်ထထိုင်ပြီး မျက်လုံးတွေကိုပွတ်သပ်လိုက်တော့ လပ်တော့ကြည့်နေသည့်လီမုကိုတွေ့ရသည်။ ထိုလူက ထမင်းစားပွဲမှာထိုင်နေပြီး၊ ဘလူးတုနားကြပ်များတပ်ထားကာ လက်တစ်ဖက်ကတော့ ကော်ဖီခွက်ကိုကိုင်ထားသည်။
"မောနင်း"
နဉ်ယိုးက အညောင်းဆန့်ကာပြောလိုက်ပြီးနောက်၊ ကြမ်းပြင်ပေါ်ပစ်ချခံထားရသည့် ညဝတ်အင်္ကျီကိုယူဝတ်လိုက်ကာ အောက်ပိုင်းဗလာနှင့် ထမင်းစားပွဲနားသို့သွားလိုကသည်။ အခန်းတွင်းအပူချိန်ကအတော်မြင့်နေပြီး၊ မနေ့ညကတည်းက လည်ချောင်းခြောက်နေတာကြောင့် သူအစိုဓာတ်ဖြည့်ရန်လို၏။
လီမုက နဉ်ယိုးထံကြည့်လိုက်ပြီး လပ်တော့မှာ ကင်မရာဖွင့်ထားကြောင်း သတိပေးရန်ပြင်လိုက်သည်။ ဒါပေမယ့် သူဘာမှမပြောရသေးခင်မှာပဲ၊ ရေသောက်ပြီးသွားသည့်တစ်ဖက်လူက ရေခွက်ကိုပြန်ချပြီး သူ့ဆီခြေသုံးလှမ်းနှင့်အရောက်လာကာ ပေါင်ပေါ်မှာထိုင်ချလိုက်ရင်းနှင့် လည်ပင်းကိုဖက်ပြီးပြောလာခဲ့၏။
"မင်းမနေ့ညကအရမ်းကြမ်းတာပဲနော်"
လီမု အသံပိတ်သည့်ခလုတ်ကိုအမြန်နှိပ်လိုက်ပြီး လက်မောင်းကြားထဲကလူကိုပြောလိုက်သည်။
"ယိုးယိုး ကိုယ်အစည်းအဝေးလုပ်နေတာ"
နဉ်ယိုးရှိနေမှန်းမမြင်ရအောင်လို့ လီမုက ထမင်းစားပွဲမှာ အစည်းအဝေးလာလုပ်နေတာဖြစ်ပြီး၊ ကင်မရာကိုလည်း ပြတင်းပေါက်ဘက်မှာနေရာချထားခဲ့သည်။ ဒါပေမယ့်လည်း၊ တဖက်လူက နိုးလာတာနဲ့ သူ့ဆီပြေးလာမယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...