ဆယ်နှစ်ပိုငယ်
နောက်တစ်ရက်မနက် နဉ်ယိုးနိုးလာချိန်မှာ ခါတိုင်းလို မီးဖိုထဲအလုပ်ရှုပ်နေသည့်လီမုကိုမတွေ့ရပေ။ ထိုအစား သူ့ဘေးမှာခေါင်းအုံးတစ်လုံးလိုလှဲနေသည့် လီမုကိုသာတွေ့ရသည်။
တဖက်လူရဲ့ နွေးထွေးနေသည့်ရင်ခွင်ထဲကနေ နဉ်ယိုး ခေါင်းထောင်ကြည့်လိုက်တော့ လီမုကနိုးနေပြီးသားဖြစ်ကြောင်းသိရ၏။ သူ့ကို ငုံ့ကြည့်နေသည့်လီမုကို အသာမော့ကြည့်ပြီး အကြည့်ချင်းဆုံလိုက်သည်။
"မောနင်း"
နဉ်ယိုးကပြောလိုက်ပြီးတော့ လီမုရဲ့လက်မောင်းပေါ်ကိုပြန်မှီအိပ်လိုက်ပြန်သည်။
ထို့နောက်သူ့မျက်လုံးတွေကိုပြန်မှိတ်လိုက်သည်။ တဖန်သူ့မျက်လုံးတွေကို ပြန်ဖွင့်ကာကြည့်လိုက်ပြန်တော့လည်း လီမုနှင့်အကြည့်ဆုံသည်ပင်။
"ငါ့ကိုဘာလို့ကြည့်နေတာလဲ"
"မင်း..."
လီမုက တစ်ခုခုပြောချင်ဟန်နှင့် တွန့်ဆုတ်နေသည်။
"ငါဘာဖြစ်လဲ"
နဉ်ယိုးကပြန်မေးသည်။
"မင်းမျက်လုံးထောင့်မှာ မျက်ချေးတွေရှိနေတယ်"
"အာ!"
နဉ်ယိုး၏အိပ်ချင်စိတ်က ချက်ချင်းပဲပျောက်သွား၏။ သူ ထထိုင်လိုက်ပြီး စောင်ထဲကနေထွက်ဖို့ပြင်လိုက်ပေမယ့် လီမုက ခါးကနေပြန်ဆွဲဖက်ကာစောင်ထဲဆွဲသွင်းလိုက်ရင်း အပြုံးနဲ့ပြောလာသည်။
"စတာ"
နဉ်ယိုး သူ့မျက်လုံးသူပွတ်ကြည့်လိုက်၏။ ဘာမှမရှိပါချေ။ သူစိတ်ဆိုးသွားရပြီးတော့ လီမုရဲ့ရက်ဘတ်ကိုလက်သီးနှင့်ထုလိုက်သည်။
"မင်းဘာလို့အဲ့လောက်စိတ်ရှုပ်စရာကောင်းတာလဲ!"
လီမုက ရယ်တာမရပ်ပေ။ သူက နဉ်ယိုးရဲ့လက်သီးလေးကိုဖမ်းဆွဲထားရင်း ပြန်ပြောလိုက်သေးသည်။
"မင်းကရော ဘာလို့အဲ့လောက်စလို့ကောင်းတာလဲ"
လီမုအနေနှင့် နဉ်ယိုးလောက်ထိ ကပ်သီးကပ်ဖဲ့နိုင်သူကိုမတွေ့ဖူးပါချေ။ သိမ်မွေ့သည့်ငန်းဖြူလေးက ညစ်ပတ်သည့်စကားလုံးတစ်ခုကြားတာနှင့် ဒေါသကြီးတဲ့ဘဲငန်းကြီးအဖြစ်ပြောင်းသွားတတ်သည်။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...