37

4.4K 664 6
                                    

ဇနီးလေးထွက်ပြေး

သေစမ်း! မိန်းမကထွက်သွားပြီ။

လီမုအသိတရားဝင်လာချိန်မှာတော့ အချိန်လွန်သွားခဲ့ပြီဖြစ်၏။

"ယိုးယိုး မင်းကိုယ့်ကိုဒီလောက်ထိလုပ်စရာမလိုပါဘူး.."

လီမုက ပိတ်ထားသည့်တိုက်ခန်း၏ လုံခြုံ‌ရေးတံခါးရှေ့မှာ တံခါးကိုအဆက်မပြတ်ခေါက်နေရင်းပြောသည်။

"အဲ့တာက တကယ်သဘာဝဖြစ်စဉ်ပဲကို... နည်းနည်းလောက် အမြင်ကျယ်ပေးလို့်မရဘူးလား"

နဉ်ယိုးသည်းမခံတဲ့အထိစမိလိုက်တဲ့လီမုမှာတော့ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ဖို့ အခွင့်အရေးမရှိတော့ပါချေ။ နဉ်ယိုးက "သုံးရက်အတွင်း ငါ့ဆီမလာနဲ့" ဟု ပြောပြီး သူ့အိမ်သူပြန်သွားခဲ့သည်။

လီမုက ဒီလိုအလွန်အကျွံစနောက်ခြင်းရဲ့အကျိုးဆက်ကိုမတွေးမိခဲ့ပေ။ တောထဲမှာနေစဉ်တုန်းကတော့ နဉ်ယိုး သူ့ကိုစိတ်ဆိုးသွားလျှင်တောင် တခြားဘယ်ကိုမှသွားစရာမရှိသည့်အတွက် သစ်လုံးအိမ်ထဲမှာမြင်နေရအုံးမည်။ အခုလိုမြို့ပေါ်မှာကျတော့ နဉ်ယိုးကသာ သူ့ကိုမမြင်ချင်ပါလျှင် သူ့မှာတဖက်လူကိုတွေ့ဖို့အတွက် မလွယ်ကူတော့။

မက်ဆေ့ခ်ျပို့တာကလည်း အသုံးမဝင်တော့သလို တံခါးခေါက်နေလျှင်လည်း အထဲကမတုံ့ပြန်လာ။ လီမုက မနက်ကျမှ ကုမ္ပဏီကိုလိုက်ပို့ရင်း ချော့မည်ဟုစဉ်းစားလိုက်ပေမယ့် နောက်ရက်မနက်မှာ နဉ်ယိုးက သူ့ထက်အရင် အိမ်ကထွက်သွားတာကြောင့် တွေ့ဖို့အခွင့်အရေးမရှိလိုက်ပါချေ။ သူ နဉ်လုပ်ငန်းစုကိုလိုက်သွားတော့လည်းပဲ အင်ဂျင်နီယာချုပ်နဉ်က ဧည့်တွေ့ဖို့ငြင်းဆန်ခဲ့ပါ၏။

ညနေရုံးဆင်းလာပြန်တော့ လီမုက သူ့အိမ်ကိုပင်အရင်မဝင်ဘဲ နဉ်ယိုးရဲ့အခန်းဆီတက်သွားခဲ့သည်။ အခန်းမီးတွေဖွင့်ထားပြီး လူရှိဟန်တူပေမယ့်လည်း သူတံခါးခေါက်ချိန်မှာ ဘာမှမတုံ့ပြန်လာခဲ့ပေ။

[လီမု : (!) ကိုယ်မပြောတော့ပါဘူး ]

【စာတို့ပို့ဆောင်ခဲ့ပြီးပေမယ့် တဖက်မှလက်ခံရရှိဖို့ငြင်းဆန်ထားပါသည် 】

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now