27

4.8K 779 28
                                    

အံ့ဩစရာပြန်လည်တွေ့ဆုံမှု

မနက်မလင်းခင်အချိန်ဖြစ်တာကြောင့် ကျင်းမြို့ကနေ ဟန်းနက်စ်လေဆိပ်အထိ တိုက်ရိုက်လေယာဉ်မရှိပါချေ။

နောက်တစ်ရက်အထိစောင့်နေလျှင်လည်း အချိန်အတော်လင့်သွားမည်စိုးတာကြောင့် နဉ်ယိုး Urumqi မြို့သို့သာ လေယာဉ်စီးသွားပြီး ထိုမှတဆင့် ဟန်းနက်စ်ကိုပြန်သွားဖို့စီစဉ်လိုက်သည်။

မထွက်ခွာမှီမှာ နဉ်ယိုး သူဝတ်ဖို့အဝတ်အစားထည့်ခဲ့ပြီး ‌ဆံပင်လေမှုတ်စက်နှင့် မုတ်ဆိတ်ရိတ်စက်လိုဟာမျိုးကိုပါ သေချာထည့်ခဲ့သည်။ 28လက်မရှိသည့်ခရီး‌ဆောင်အိတ်ကအပြည့်အကြပ်ပါပင်။ ဒါပေမယ့် သူမ,ကြည့်တဲ့အခါ သယ်ဖို့လေးလွန်းနေတာကြောင့် အဆုံးမှာတော့ သူအကြိုက်ဆုံး ပန်းကန်ဇွန်းခက်ရင်းအစုံလိုက်ကို ထားခဲ့ရတော့သည်။

သူ ဟန်းနက်စ်လေဆိပ်ကိုရောက်သည့်အခါမှာတော့ ဘာလို့လူတွေက ခရီးသွားရင်ပစ္စည်းတွေအများကြီမသယ်ဖို့ပြောကြမှန်း တစစနားလည်သွားသည်။ လေဆိပ်ကိုတစ်ယောက်တည်းလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ခရီးဆောင်အိတ်သယ်ပေးမည့်သူလည်း မပါ။

ရှောင်ကျောက်ကိုမခေါ်ခဲ့ရသည့်အတွက် နဉ်ယိုးနောင်တရမိသည်။ ခရီးဆောင်အိတ်သယ်ခိုင်းဖို့တော့မဟုတ်ပါချေ၊ ရှောင်ကျောက်သာပါလာခဲ့လျှင် လေဆိပ်မှာလည်းဟိုဒီပတ်ရှာနေဖို့မလိုသလို ဟန်းနက်စ်ရှုခင်းသာဧရိယာကိုသွားဖို့အတွက် ပြန်ပြောင်းစီးစရာရှာဖို့လည်း အခက်ကြုံရမည်မဟုတ်တာကြောင့်ပင်။

ရှုခင်းသာဧရိယာက တရားဝင်ပြန်လည်မဖွင့်လှစ်သေးတာကြောင့် တိုက်ရိုက်အကြိုအပို့လုပ်ပေးသည့် ဘတ်စ်ကားများလည်းမရှိပေ။ ကိုယ်ပိုင်အငှားယာဉ်မျိုးငှားစီးဖို့ကျလည်း လုံခြုံရေးအတွက်ပူပန်မိသည်မို့ နောက်ဆုံးမှာတော့ နဉ်ယိုး အများသုံးဘတ်စ်ကားနှင့်သာ တက်လိုက်ခဲ့တော့သည်။

ဒေသခံတွေနှင့်ပြည့်နေသည့် မီနီဘတ်စ်လေးကလည်း အတွေ့အကြုံအသစ်ပါပေ။

နဉ်ယိုးက ကားနောက်ဆုံးတန်းရဲ့ရှေ့ခုံမှာထိုင်နေပြီး ဘေးမှာက‌ ဒေသခံတိုင်းရင်းသားအန်တီကြီးတစ်ယောက်ထိုင်နေသည်။ ထိုအန်တီက WeChat ကနေစကားပြောနေတာဖြစ်ပြီး voicemail ဖွင့်လိုက်သည့်အခါ အလွန်မြန်လှသည့်အသံနှင့်ပြောသည့် ဘာသာစကားတစ်ခုကထွက်ပေါ်လာသည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now